ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်က SB ရုံးမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဓားထိုးခံရလို့သေဆုံးခဲ့တဲ့ အထူးစစ်ဆေးရေးအဖွဲ့ ဒုရဲမှူး အောင်ကိုမင်း ကို စက်တင်ဘာလ ၂၀ရက် ဒီနေ့မနက်ပိုင်းမှာ လူအသိမခံဘဲ ခိုးချောင်ခိုးဝှက် သဂြိုလ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
မနက် ၇နာရီလောက်က အရပ်ကားတွေနဲ့ လာရောက် ကာ သယောင်ချောင်းသုဿန်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“ပုသိမ်မြို့ အမှတ်၅ရပ်ကွက် သစ္စာလမ်းမှာရှိတဲ့ အကြမ်းဖက် ရဲသတင်းနဲ့ ရဲတပ်ဖွဲ့ SB ရုံးကို ဒီနေ့မနက် ၇နာရီလောက်က အရပ်ကား ၅စီး၊ ဒိုင်နာကား ၁စီး၊ Light Truck ၃စီး၊ ဖင်ကောက်ကား၁စီးနဲ့ အရပ်ဝတ်တွေနဲ့ လာသယ်သွားတယ်။ ပုသိမ်မြို့မှာရှိတဲ့ သယောင်ချောင်း သဂြိုလ်စက်မှာ မီးသဂြိုလ်လိုက်တယ်” လို့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
“လူအသိမခံဘဲ သဂြိုလ်လိုက်တာပေါ့။ နာရေးချတဲ့အချိန်လည်းမဟုတ်။ ဘာအသံမှလည်းမကြား တိတ်တဆိတ် လုပ်သွားတာပေါ့။ အကြမ်းဖက်တွေရဲ့ နောက်ဆုံးသွားရာလမ်းပဲလေ။ အခုလိုသေတဲ့အချိန်မှာတောင် လူအသိမခံရဲဘဲ သူတို့အကြမ်းဖက် ရဲအချင်းချင်း အကြမ်းဖက်စစ်သား အချင်းချင်း မီးသဂြိုလ်တာတွေကတော့ ရိုးနေပါပြီ။ ဒါကိုလည်း အမြင်မှန်မရကြသေးဘဲ ပြည်သူတွေအပေါ် နှိပ်စက်နေကြတုန်း”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ဒီဖြစ်စဉ်မှာ ဓားနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီး မင်းမင်းကိုတော့ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း မအူပင်မြို့အဝင်အထွက် မအူပင်တံတားဂိတ်မှာ လုံခြုံရေးတာဝန်ကျရင်း အချင်းချင်း အဝေမတည့်လို့ စကားများကြရာကနေ စစ်ကောင်စီတပ်သားအချင်းချင်း သေနတ်နဲ့ပစ်လို့ သေဆုံးမှု ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ – ရဲအချင်းချင်း ဓားနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီး မင်းမင်းနဲ့ သယောင်ချောင်းသုဿန်

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်အတွင်း တပ်ပေါင်းစုအသွင်နှင့် စစ်ရေးဖော်ဆောင်မှုများ အပြန်အလှန်ထိန်းကျောင်းလုပ်ကိုင်သွားနိုင်ဖို့ မြေပြင်မဟာမိတ် ဖွဲ့စည်း

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ တပ်ရင်းတပ်ဖွဲ့ ၆ ခုပူးပေါင်းပြီး မြေပြင်မဟာမိတ်အဖွဲ့အစည်းတစ်ခုကို လက်မှတ်ရေးထိုးဖွဲ့စည်းခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF အဖွဲ့တာဝန်ရှိသူ ကိုထူးလေးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

၉ နှစ်အရွယ် ကလေးငယ်အပါ ၁၂ ယောက်သေဆုံးခဲ့တဲ့ ငါန်းမြာကြီးရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လာပါတယ်။
Read More

မြဝတီက ပျူစောထီးခေါင်းဆောင် KNDP ပါတီ အမတ်လောင်းအဖြစ် ဝင်ရောက် အရွေးခံ 

ကရင်ပြည်နယ်၊ မြဝတီမြို့က ပြည်သူတွေကို လက်နက်ပြ အနိုင်ကျင့်တာတွေ လုပ်လေ့ရှိတဲ့ ပျူစောထီးခေါင်းဆောင် အေးမင်းထွန်း (ခ) သူရိန်မင်းထွန်းဆိုသူဟာ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) အမတ်လောင်း၊ ဗမာတိုင်းရင်းသားကိုယ်စားလှယ်အဖြစ် စစ်အုပ်စု ကျင်းပသွားမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ 
Read More

ရေဦးမြို့ပေါ် ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ဦးကို စစ်အုပ်စု ဖမ်းဆီးထား၊ ၆ ရက်ကြာတဲ့အထိ ပြန်မလွတ်သေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ရေဦး အနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံဆီက သိရပါတယ်။
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ
Read More

သေဆုံးသူ မြင့်ဆွေအတွက် ကျန်ရစ်တဲ့ စစ်အုပ်စု ဝမ်းနည်းခြင်းကာလ သတ်မှတ်

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေ ဒီနေ့မနက်ပိုင်းမှာ သေဆုံးပြီးနောက် ဩဂုတ်လ ၇ ရက်ကနေ ၉ ရက်အထိ ကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ကြေညာကြောင်း ကာလုံက ထုတ်ပြန်ပါတယ်။