ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ နှစ်နိုင်ငံကြား အပြန်အလှန်ဆွေးနွေးမှုဟာ ဘာရလဒ်မှ ထွက်မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က မေလ ၄ ရက်မှာ ပြောပါတယ်။

“ရိုဟင်ဂျာတွေအနေနဲ့ သူတို့ရဲ့အခွင့်အရေးနဲ့ လုံခြုံရေးကို အာမခံချက်မပေးမချင်း မြန်မာနိုင်ငံကို ပြန်မှာမဟုတ်ဘူး။ ရိုဟင်ဂျာတွေအနေနဲ့ သူတို့နိုင်ငံကို ပြန်ဖို့လိုတယ်၊ ဒါပေမယ့် အတင်းအကြပ်မဖြစ်သင့်ဘူး။ လုံခြုံရေးအာမခံချက်ရှိရင် ပြန်သွားလိမ့်မယ်” လို့ တနင်္ဂနွေနေ့က ဒါကာမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ သူက ပြောပါတယ်။

“ကျနော်တို့တွေ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ မျှော်လင့်ချက်တွေ မထားပါဘူး။ သူတို့ကို နှိပ်စက်ညှဉ်းပန်းခံရဖူးတဲ့နေရာကို ပြန်ပို့ရမှာလား” လို့ သူက မေးခွန်းထုတ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain (ဓာတ်ပုံUNB)

မြန်မာနိုင်ငံမှာ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ စစ်မှန်တဲ့အပြောင်းအလဲဖြစ်ဖို့ လိုအပ်ကြောင်း သူက ပြောဆိုပြီး “ဒါဟာ ခက်ခဲပြီး အချိန်ယူရမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။ ညီညွတ်ရေးမရှိရင် မအောင်မြင်ဘူး” လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ လမ်းပြမြေပုံတစ်ခု ရှိရမယ်လို့လည်း သူက ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဆက်ဖြစ်နေတာကြောင့် ရိုဟင်ဂျာတွေရဲ့ နေရပ်ပြန်ရေး အလားအလာက ဆိုးရွားနေဆဲဖြစ်တဲ့အပြင် နေရပ်စွန့်ခွာပြည်သူတွေအတွက် လုံခြုံရေး အာမခံချက်က မရှိနေဆဲပဲ” လို့ Touhid က ဆက်ပြောပါတယ်။

ဒါ့အပြင် ရေရှည်တည်တံ့တဲ့ ဆုံးဖြတ်ချက်တစ်ခုခု ချနိုင်ဖို့ သက်ဆိုင်သူတွေဖြစ်ကြတဲ့ စစ်ကောင်စီ၊ NUG နဲ့ အထူးသဖြင့် ရခိုင်ဒေသ နေရာအနှံ့အပြားကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တို့အားလုံး ပူးပေါင်းနိုင်မှ ဖြစ်လိမ့်မယ်လို့ သူက အလေးပေးပြောဆိုခဲ့ပါတယ်။


မူရင်းသတင်း – Rohingya issue: Bilateral talks with Myanmar won’t lead to any result, says foreign adviser



0 Shares:
You May Also Like
Read More

စစ်ကောင်စီ အာဏာသိမ်း ၄ နှစ်အတွင်း အကြမ်းဖက်မှုတွေ မကြုံစဖူး အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ ကုလပြော၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ EU တောင်းဆို

“လွန်ခဲ့တဲ့ လေးနှစ်အတွင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁,၁၄၄ ဦးနဲ့ ကလေး ၇၀၉ ဦး အပါအ၀င် အရပ်သား အနည်းဆုံး ၆,၂၃၁ ဦး သေဆုံးခဲ့တယ်”
Read More

ကရင် BGF အမည်ပြောင်း KNA ခေါင်းဆောင် စောချစ်သူနှင့် သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA ကို အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး KNA ခေါင်းဆောင် စောချစ်သူနဲ့ သားနှစ်ယောက်ကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝပယ်ချရန် ကုလအစည်းအဝေးတွင် ဦးကျော်မိုးထွန်း တိုက်တွန်း

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အားထုတ်မှုကို ထောက်ခံပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန်ဖရန်စစ္စကို တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြ

“China! Get out of Our Country, Burma” မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြခေါင်းစဉ်နဲ့ ဆန္ဒပြပွဲကို Free Burma Action Committee - Northern California က ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စကိုမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

NUG ဝန်ကြီး နှစ်ဦးနှင့် တွေ့ဆုံခဲ့အပြီး  မြန်မာ့အရေး “အပြုသဘောဆောင် ဝင်ရောက်စွက်ဖက်ရေး” လွှတ်တော်တွင် တိုက်တွန်းမည်ဟု ထိုင်းအမတ် ဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့အပြီး၊ ထိုင်းလွှတ်တော်အနေနဲ့ “မြန်မာ့အရေးကို အပြုသဘောဆောင် ဝင်ရောက်စွက်ဖက်ခြင်း” မူဝါဒနဲ့ အလေးထားဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုသွားမယ်လို့ ထိုင်းလွှတ်တော်အမတ် မစ္စတာ ကန်နဝီ ဆပ်ဆန်က အောက်တိုဘာလ ၂၀ ရက်မှာ ၎င်းရဲ့လူမှုကွန်ရက်အကောင့်က တဆင့် ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း ပြင်းထန်နေတဲ့ တိုက်ပွဲတွေကို ကုလ စိုးရိမ်ပြန်

ရှမ်းမြောက်တိုက်ပွဲတွေနဲ့အတူ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ မြန်မာနိုင်ငံမှာ အကြောင်းမဲ့ သေဆုံးနေရခြင်းအပေါ် ကုလသမဂ္ဂက အပြင်းအထန် ရှုံ့ချကန့်ကွက်လိုက်ပါတယ်။