ရှမ်းမြောက်တိုက်ပွဲတွေနဲ့အတူ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ မြန်မာနိုင်ငံမှာ အကြောင်းမဲ့ သေဆုံးနေရခြင်းအပေါ် ကုလသမဂ္ဂက အပြင်းအထန် ရှုံ့ချကန့်ကွက်လိုက်ပါတယ်။
ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်က ပြင်းထန်တဲ့ တိုက်ပွဲတွေမှာ အရပ်သားပြည်သူတွေဟာ စစ်ဘေးရှောင်ခဲ့ရပြီး တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရမှုအပေါ် ကုလက ကြေညာချက်ထုတ် ကန့်ကွက်လိုက်တာပါ။
မြန်မာပြည်မှာ ပိုမိုပြင်းထန်လာနေတဲ့ ပဋိပက္ခတွေအတွင်း အရပ်သားပြည်သူ သန်းပေါင်းများစွာရဲ့ဘဝတွေ ထိခိုက်နေရတာကို မြင်ရတဲ့အတွက် စိုးရိမ်ပူပန်တယ်လို့လည်း ကုလကဆိုပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့အကြပ်အတည်းတွေကနေ အမြန်ဆုံးလွတ်မြောက်ဖို့လိုအပ်ပြီး လိုအပ်သလို ညှိနှိုင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့လည်း လိုတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေ ၁၉ သန်းနီးပါးဟာ စစ်ဘေးကြောင့် အကူအညီတွေလိုအပ်နေပြီး အခက်အခဲတွေဖြစ်ပေါ်နေလို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း စစ်ကောင်စီဘက်က ခွင့်ပြုပေးဖို့လိုအပ်ကြောင်း ကုလက ပြောပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာ့အရေး အကြမ်းဖက်မှုတွေရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို

မြန်မာ့အရေး ငြိမ်းချမ်းရေးရရှိဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ အားလုံးအကျုံးဝင်ပါဝင်ရေးတို့ လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
Read More

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးနေရာ ပြောင်းမယ်လို့ ထိုင်းအာဏာပိုင်တွေ ပြော

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ဘုရားသုံးဆူနဲ့ ဆက်သွယ်ထားတဲ့ ကန်ချနဘူရီ နယ်စပ်ဂိတ်မှာ ဆောင်ရွက်နေရာကနေ ထားဝယ်မြို့နဲ့ ချိတ်ဆက်ထားတဲ့ Ban Pu Nam Ron ဂိတ်ကို နေရာပြောင်းရွှေ့မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုကြောင်း Thai PBS World သတင်းက ဖေဖော်ဝါရီလ ၁၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အကြမ်းဖက်စစ်တပ်ကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို မေလ ၁၈ ရက် မနေ့က ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေး ရိပ်သာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘန်ကောက်နှင့် ချင်းမိုင်ရှိ စားသောက်ဆိုင်များတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေက စားသောက်ဆိုင်တွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

အကူအညီ ဖြတ်တောက်မှုတွေက ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရေး စုံစမ်းစစ်ဆေးမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ IIMM ပြော

အလှူရှင်တွေထံက ရန်ပုံငွေ ဒေါ်လာသန်းပေါင်းများစွာ ဖြတ်တောက်ခြင်းနဲ့ ကုလသမဂ္ဂရဲ့ ကုန်ကျစရိတ် ဖြတ်တောက်ခြင်းတွေက မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရှာဖွေရေး ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအကြီးအကဲက ပြောလိုက်ပါတယ်။
Read More

ရွှေကုက္ကိုလ်ကျားဖြန့်မှ ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်းများအား စစ်တပ်နှင့် BGF အများရှေ့တွင် အဖျက်ပြ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်ကျားဖြန့် လုပ်ငန်းအဆောက်အဦးတွေကနေ သိမ်းဆည်းရမိတဲ့ ကွန်ပျူတာနဲ့ မိုဘိုင်းလ်ဖုန်းတွေကို အာဏာသိမ်းစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ ဒီနေ့မှာ ဖျက်ဆီးပြခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod English က ဖော်ပြထားပါတယ်။