ကိုးကန့်တပ် (MNDAA) ဟာ နွေဦးတော်လှန်ရေးကာလအတွင်းမှာ အကြီးမားဆုံး စစ်ဆင်ရေးဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လူထုထောက်ခံမှု ရရှိကာ ရှမ်းမြောက်တခွင်က မြို့နယ်တွေနဲ့ စစ်ကောင်စီရဲ့ လာရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

လက်ရှိမှာတော့ တရုတ်ရဲ့ ဖိအားအရပ်ရပ်ကြောင့် လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာ MNDAA တပ်ဖွဲ့တွေ လာရှိုးကနေ ပြန်လည်ဆုတ်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း တိုက်ပွဲတွေကြောင့် ဒေသခံလူထုရဲ့ အသက်အိုးအိမ်တွေ ဆုံးရှုံးခဲ့ရမှု ရှိခဲ့ပေမယ့် မြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကာ MNDAA က မြို့အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

“၂၁ ရက်နေ့မှာ ထွက်မယ်။ ၂၂ ရက်နေ့မှာ စစ်ကောင်စီ ပြန်ပြီး ရုံးထိုင်မယ်လို့တော့ သေချာသလောက် နီးပါး ဖြစ်နေပါပြီ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်ဝင်ရောက်တော့မယ်လို့ သိရပေမယ့် ဘယ်လိုအုပ်ချုပ်ရေးပုံစံ လည်ပတ်မယ်ဆိုတာတော့ အသေးစိတ် မသိရသေးပါဘူး။

လာရှိူးကို MNDAA သိမ်းပိုက်ပြီးနောက် လာရှိူးလေဆိပ်မှာ ကင်းစောင့်နေတဲ့ MNDAA ရဲဘော် (ဓာတ်ပုံ The Kokang)

အခုလို MNDAA တပ်ဖွဲ့ လားရှိုးကနေ ပြန်လည် ဆုတ်ခွာပေးရတာဟာ စစ်ကောင်စီနဲ့ ပနံသင့်နေတဲ့ တရုတ်နိုင်ငံရဲ့ ဖိအားတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

“ကိုးကန့်ခေါင်းဆောင် ဖုန်တာရွင် လုံခြုံရေးကြောင့် ဖြစ်နိုင်တယ်လို့လည်း ထင်တယ်ဗျ။ ပြီးတော့ အဲဒီက လူတွေအများစုက ပိုင်ဆိုင်မှု ဘဏ်အကောင့်တွေက တရုတ်တွေမှာ ဖွင့်ထားတာဆိုတော့ ဒါတွေနဲ့လည်း အကျပ်ကိုင်ခံရတဲ့ သဘာပေါ့နော်။ အခုလို မတတ်သာလို့ ဆုတ်ပေးလိုက်ရပေမယ့်လည်း MNDAA တပ်ဖွဲ့တွေဟာ နွေဦးတော်လှန်ရေးမှာ ပုံစံတစ်မျိုးနဲ့ ပါဝင်နေဦးမှာပါ။ မြေပြင်တပ်ဖွဲ့တွေနဲ့လည်း ချိတ်ဆက် လုပ်ဆောင်နေတာတွေရှိလို့ ကျနော်တို့ အပြစ်တင်စောလို့ မရပါဘူး” လို့ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ကာ လားရှိုးမြို့ကို MNDAA တပ်တွေ သိမ်းပိုက်ပြီးကတည်းက ကိုးကန့်ဒေသကို တရုတ်ကနေ ဖြတ် ၅ ဖြတ်နဲ့ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့သလို စစ်ကောင်စီကလည်း အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

တရုတ်က ထိန်းသိမ်းထားတယ်လို့ သတင်းထွက်နေတဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂ရက်နေ့က ငလျင်ကူညီရေး ရန်ပုံငွေပွဲတစ်ခုမှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ လားရှိုးကနေ MNDAA ပြန်လည်ဆုတ်ခွါဖို့ သဘောတူညီချက်ရပြီးမှ သူ့ကို တရုတ်က မြန်မာဘက် ပြန်ခွင့်ပြုလိုက်တာလို့လည်း သိရပါတယ်။

လက်ရှိမှာ MNDAA တပ်ဖွဲ့ဝင်တွေက ကားကြီးကားငယ်တွေနဲ့ လားရှိုးမြို့ကနေ ဆုတ်ခွါဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MNDAA တပ်ဖွဲ့တွေဟာ လားရှိုးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ စတင် သိမ်းပိုက်ခဲ့တာဖြစ်ပြီး ရှမ်းမြောက်တခွင်က မြို့နယ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုန်းကိုး ၊ ပန်ဆိုင်း၊ ကွမ်းလုံ၊ ကြူကုတ်၊ တာမိုးညဲ၊ မော်ထိုက်နဲ့ သိန္နီမြို့တို့ကိုလည်း  တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

MNDAA ခေါင်းဆောင်များ
0 Shares:
You May Also Like
Read More

စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ယောက်ကို လက်နက်ခဲယမ်းနှင့်တကွ နေပြည်တော် ပကဖ ခေါ်ထုတ်နိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင်ဌာနနဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်သား ၁ ယောက်ကို သွားရောက်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ် ဓါးပြတိုက်မှုမှာ စစ်တပ်ကလက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေ ပါ၀င်နေ

မန္တလေး၊ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို ဓားပြတိုက်သူတွေဟာ စစ်ကောင်စီက လက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေဖြစ်နေပြီး ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

မန္တလေးရှိ Sky Villa ကွန်ဒိုနှင့် ဂရိတ်ဝေါဟိုတယ်မှာ အသက် ၅ နှစ်အရွယ်ကလေးနှင့် ကိုယ်ဝန်ဆောင်အပါ ၄ ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့က ညတွင်းချင်း ကယ်

မန္တလေးမြို့ပေါ်ရှိ Sky Villa ကွန်ဒိုနဲ့ ဂရိတ်ဝေါဟိုတယ်တို့က အသက် ၅ နှစ်အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင်အပါ ၄ ယောက်ကို တရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့ တရုတ် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့တယ်လို့ တရုတ်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတွင် Bluetooth Speaker Box အားသွင်းရာမှ မီးလောင်ပြီး နေအိမ် ၈ လုံး ပျက်စီး

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ ၇၁လမ်း နဲ့ ၇၂လမ်း ကြားမှာ မနေ့ညက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၈လုံး မီးလောင်ပျက်စီးသွားကြောင်း မြို့ခံတွေဆီက သိရပါတယ်။
Read More

ရေဦးတောင်ဘက် နယ်မြေရှင်းလင်းရေးလုပ်ရန် ထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၁ ဦး ထိမှန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့တောင်ဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့အရှေ့ခြမ်းတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်အပါ လူ ၄ ဦးကို ပစ်သတ်ခဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ  စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် လူ ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network က ထုတ်ပြန်ပါတယ်။