စစ်ကိုင်းမြို့နယ်ကို ဗဟိုုပြုပြီး မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေး၊ အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသူ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က အတည်ပြုထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီး အဆောင် (၁) နဲ့ အဆောင် (၂) တို့က နိုင်ငံရေးအကျဉ်းသူတွေဖြစ်တဲ့ မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်းနဲ့ မဖူးဝေဝေ တို့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“သေဆုံးမှုတွေကိုတော့ ကျွန်တော်တို့ အဖွဲ့အနေနဲ့ အတည်ပြုထားပြီးဖြစ်ပါတယ်။ အတည်ပြုပုံ နည်းလမ်းစနစ်တွေကိုတော့ လုံခြုံရေးအရ ကျွန်တော်တို့ ပြောပြလို့ မရပါဘူး” လို့ PPNM မှ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။
အခုထုတ်ပြန်ထားတဲ့ သေဆုံးခဲ့တဲ့ အကျဉ်းသူ ၆ ယောက်ဟာ PPNM ရဲ့ ငလျင်ကြောင့် အိုးဘိုထောင်အတွင်းမှာ သေဆုံးသူ ၁၂ ဦးရှိတယ်ဆိုတဲ့ စုံစမ်း အတည်ပြုချက်ထဲမှာ ပါဝင်နေတယ်လို့ ဆိုထားပါတယ်။
ကိုသိုက်ထွန်းဦးကပဲ ဆက်လက်ပြီး “သေဆုံးသွားတဲ့ ထပ်တိုးအရေအတွက် ရှိနိုင်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ပြောတာ အတည်ပြုထားနိုင်တဲ့ အနည်းဆုံးအရေအတွက်ပါ” လို့ ဆိုပါတယ်။
စစ်ကိုင်းမြို့နယ်ကို အခြေပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ တိုးမြင့်လျက်ရှိနေပြီး လက်ရှိမှာတော့ သေဆုံးသူ အရေအတွက်မှာ ၃၀၀၀ ကျော်လာနေပြီ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ရွှေကျင်မှာ စစ်တပ်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂ နှစ်နဲ့ ၁၆ နှစ်အရွယ် ကလေးတွေအပါ အရပ်သား (၄) ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေး (၂) ယောက် အပါအဝင် အရပ်သား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသမှာ ပြဇာတ်နဲ့ လူထုဟောပြောပွဲ ပြုလုပ်

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ "စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲနဲ့ တော်လှန်ဖျော်ဖြေ တင်ဆက်မှု အခမ်းအနား" ကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျေးရွာ ၅ ရွာကို အကြမ်းဖက်စစ်တပ် ပစ္စည်းတွေ ခိုးယူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
Read More

ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်းဒေသခံတွေဆီက သိရပါတယ်။
Read More

သထုံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် တိုက်ခိုက်မှုများကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ၊ နေအိမ် ၃ လုံးနှင့် ဘုန်းကြီးကျောင်း ပျက်စီး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ (၂၈၃) မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်တပ်လက်အောက်ခံ ခလရ (၂၈၃) က တပ်သားတယောက်ဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာ တယ်လို့ Phoenix - Special Warfare Force က သတင်းထုတ်ပြန်ပါတယ်။