ပြည်သူကြားက မွေးဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် (PDF) တွေကို လက်နက်က ရလာတဲ့ ရာထူး၊ အာဏာတွေကြား ဖောက်ပြန်မသွားအောင် ပြည်သူလူထုအနေနဲ့ လိုအပ်သလို ပဲ့ပြင်ထိန်းကျောင်းပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်ပန်ကြားထားပါတယ်။
လက်နက်ကနေ ရရှိလာတဲ့ ရာထူး၊ အာဏာတွေကြား PDF တွေအပါအဝင် တော်လှန်ရေးသမားတွေ ဖောက်ပြန်မသွားအောင် ပြည်သူလူထုက ပဲ့ပြင်ထိန်းကျောင်းနိုင်ရေး တိုင်တန်းကြဖို့ MDY-PDF က ပန်ကြားထားပါတယ်။
” ရာထူး၊ အာဏာ၊ ငွေကြေး၊ လုပ်ပိုင်ခွင့် အစရှိတာတွေက တော်လှန်ရေးသမားတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဖျက်ဆီးလေ့ရှိပါတယ်၊ အထူးသဖြင့် လက်နက်ကတဆင့် ရရှိလာတဲ့ ရာထူး၊ အာဏာက လူကိုပိုပြီး ဖောက်ပြန်စေတတ်ပါတယ်၊ တော်လှန်ရေးရဲ့ အတက်အကျ လောကဓံကို ကျနော်တို့ PDF တွေအပါအဝင် တော်လှန်ရေးသမားများနဲ့ တော်လှန်ရေးအဖွဲ့အစည်းများအားလုံး ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြဖို့ လိုအပ်လှပါတယ်၊ ပြည်သူလူထုအနေနဲ့က ကျနော်တို့ PDF များအားလုံးဟာ ပြည်သူ့ကြားက ပေါက်ဖွားလာတဲ့ သားသမီးများဖြစ်တာနဲ့အညီ လိုအပ်သလို ပဲ့ပြင်ကြဖို့၊ ထိန်းကျောင်းကြဖို့ အထူးအရေးကြီးပါတယ်၊ ကျနော်တို့ဘက်ကလည်း လူထုရဲ့ ဒီထိန်းကျောင်းမှု၊ လမ်းညွှန်မှုကို တန်ဖိုးထားကာ လေးစား၊ လိုက်နာကြဖို့ လိုအပ်ပါတယ်၊ MDY-PDF အနေနဲ့ ဆွဲကိုင်ထားတဲ့ မူကလည်း “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဖြစ်ပါတယ်” လို့ MDY-PDF က ဆိုပါတယ်။
MDY-PDF က ရဲဘော်ဖြစ်ဖြစ်၊ အခြားတပ်ဖွဲ့က PDF ရဲဘော်ဖြစ်ဖြစ် ကျင့်ဝတ်စည်းကမ်းတွေ ဖောက်ပြန်ကျူးလွန်နေတာကို မြင်ရင် လူထုအနေနဲ့ တိုင်တန်းကြဖို့ MDY-PDF က ဖိတ်ခေါ်ပန်ကြားထားပါတယ်။
“MDY-PDF တပ်ဖွဲ့ဝင်တဦးဦးကဖြစ်စေ၊ တပ်ရင်း/တပ်ဖွဲ့/ဌာန တခုခုကဖြစ်စေ PDF စစ်သည်တော်တို့ လိုက်နာကျင့်ကြံရမယ့် “ကျင့်ဝတ်စည်းကမ်း”တွေ၊ တပ်ဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျူးလွန်ချိုးဖောက်နေတာ မြင်ခဲ့၊ ကြုံခဲ့၊ ကြားခဲ့ရင် လူထုအနေနဲ့ တိုင်တန်းကြဖို့ အလေးအနက် ဖိတ်ခေါ်၊ ပန်ကြားလိုပါတယ်” လို့ MDY-PDF က ဆိုထားပါတယ်။
တိုင်တန်းမှုတွေ ရှိလာရင်လည်း MDY-PDF ရဲ့ စစ်ရေးရုံးနဲ့ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့ကနေ လိုအပ်သလို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မှာဖြစ်ပြီး တွေ့ရှိချက်ပေါ် မူတည်ကာ လိုအပ်တဲ့ အရေးယူမှုတွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်တာကြောင့် သတင်းပို့တိုင်ကြားတဲ့ ပြည်သူတွေအနေနဲ့လည်း စုံစမ်းစစ်ဆေးရာမှာ လိုအပ်တဲ့ သက်သေတွေ၊ အထောက်အထား အချက်အလက်တွေကို တတ်နိုင်သမျှ ကူညီပေးကြဖို့နဲ့ လိုအပ်လာရင် ပူးပေါင်းပါဝင်ပေးကြဖို့လည်း MDY-PDF က မေတ္တာရပ်ခံထားပါတယ်။
မန္တလေးဒေသထဲမှာ စိုးမိုးထိန်းချုပ်နယ်မြေအချို့ကို ဆုတ်ကိုင်ရယူနိုင်ခဲ့ပေမယ့် ကျေနပ်တင်းတိမ်ရမယ့် အခြေအနေမဟုတ်ဘဲ ပြည်သူ့နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဘုံရန်သူ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဘုံပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအထိ မဆုတ်မနှစ် ဆက်လက်ချီတက်ကြဖို့ ဖြစ်တယ်လို့ MDY-PDF က အသိပေးဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ကော်သူးလေ အုပ်ချုပ်မှုနယ်မြေထဲ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်

KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းက နေရာတချို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။  
Read More

တရုတ်-မြန်မာနယ်စပ်က ဖီမော်မြို့ကို KIA တိုက်ခိုက်သိမ်းပိုက်

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်က ဖော်ပြလာပါတယ်။
Read More

ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦး သေ၊ သေနတ်၂ လက်နှင့် ခဲယမ်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်က စစ်တပ်ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းမပေါ်က  အကြမ်းဖက် စစ်တပ်ဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့  God's Hand Forces (GHF) အဖွဲ့ထံမှ သိရပါတယ်။ 
Read More

ဂန့်ဂေါခရိုင်တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ လုပ်ဆောင်နေ…

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင် ၊ ခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေ ကျစ်လျစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်က စတင်လို့ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ရာ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ တိုက်ပွဲအချို့လည်း ဖော်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
Read More

အိမ်​ခြေ ၁၇၀ နီးပါးရှိတဲ့ မင်းပလောင်ရွာကို စစ်တပ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့၊ ဒေသခံတွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။