စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ စစ်တပ်သံပြားကာယာဉ် ၂ စီးကို မုံရွာ-မန္တလေးလမ်းပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် သား ၁၇ ယောက်ကို ရှင်းလင်းကာ စစ်ယာဉ် ၂ စီးကို ဖျက်ဆီးနိုင်ခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကဒုဗိုလ် ၁ ယောက် အပါအဝင် ၁၇ ယောက် သေဆုံးခဲ့ပြီး MA-1 ၄ လက်၊ MA-3 ၁ လက်၊ MA-11 ၃ လက် ၊ G-3 ၁ လက်၊ G-1 ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁လက်၊ ၄၀ မမ ဆုံလည် ၁လက်၊ ကျည်ဘောက်မျိုးစုံ ၂၂ ခု  သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ကားတချို့ ချောက်ထဲကျပြီး ၅ယောက် ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဒီဇင်ဘာ ၁၅ ရက် မနေ့ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Ar Lar Wa Ka အဖွဲ့ထံက သိရပါတယ်။
Read More

မိုင်းကွင်းထဲ သောက်စားနေတဲ့ စစ်ကောင်စီတပ်သား တွေ ဖောက်ခွဲခံရပြီး ၄ ယောက်သေ၊ အများအပြား ပြင်းပြင်းထန်ထန် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းထံက သိရပါတယ်။
Read More

ဖမ်းမိထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သုံ့ပန်းများ သူတို့၏ တရားမဲ့လုပ်ရပ်များအတွက် နောင်တရနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ စစ်သုံ့ပန်းတွေဟာ တရားမဲ့လုပ်ရပ်တွေအတွက် နောင်တရနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။
Read More

ဖားကန့် KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ် (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဧပြီ ၁၂ ရက်က ဖားကန့် KPDF ရဲဘော်တွေ သင်္ကြန်သံချပ်ထိုးပြီး တော်လှန်သင်္ကြန်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ညောင်လေးပင်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းနဲ့ ရဲကင်းစခန်းတွေကို ရှင်းလင်းခဲ့တဲ့ မှတ်တမ်းရုပ်သံ

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ထိန်တပင်ကျေးရွာနဲ့ ကလိမ်ခင်ကျေးရွာကြားရှိ အကြမ်းဖက်စစ် တပ်စခန်းနဲ့ မီးရထားလမ်းပေါ်ရှိ ရဲကင်းစခန်းတွေကို ရှင်းလင်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲတွင် ဗိုလ် ၄ ယောက် အပါအဝင် စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေဆီ အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဗိုလ် ၄ ယောက် အပါအဝင် စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ Nay Pyi Taw PDF က သတင်းထုတ်ပြန်ထားပါတယ်။