မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ စက်သုံးဆီ ဆိုးရွားစွာ ပြတ်လပ်လာနေပြီး စျေးနှုန်းမြင့်တက်လာသလို ဝယ်ယူရတာပါ ခက်ခဲလာတာကြောင့် ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်ထားရတယ်လို့ ကျောင်းသားမိဘတွေနဲ့ ပုဂ္ဂလိကကျောင်းတွေဆီက သိရပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စက်သုံးဆီ ရရှိဝယ်ယူရောင်းချမှု ခက်ခဲလာနေမှုနဲ့အတူ ပုဂ္ဂလိကကျောင်းတွေက ဖယ်ရီကားပြေးဆွဲဖို့ အခက်အခဲတွေဖြစ်ပေါ်လာတာကြောင့် ပုဂ္ဂလိကကျောင်းတချို့ယာယီပိတ်ထားပြီး အွန်လိုင်းကနေ သင်ကြားရေးလုပ်နေရတယ်လို့ သိရပါတယ်။
ဇူလိုင်လ နောက်ဆုံးအပတ်ကစလို့ စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်လာတာကြောင့် စျေးနှုန်းပါ အဆမတန် မြင့်တက်လာပြီး အခုရက်ပိုင်းမှာ စက်သုံးဆီ ဝယ်ယူဖို့ အခက်အခဲတွေနဲ့အတူ ဆီဆိုင်တချို့ပါ ပိတ်ထားရတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့ စက်သုံးဆီ ပြတ်လပ်တာမရှိဘူးလို့ ဩဂုတ်လ ၁၄ ရက်က စစ်ကောင်စီ မီဒီယာတွေကနေ ပြောဆိုထားပေမယ့် စက်သုံးဆီအခက်အခဲအတွက် ပုဂ္ဂလိကကျောင်းတာဝန်ရှိသူတွေနဲ့ စက်သုံးဆီ မဖြစ်မနေ လိုအပ်တဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက စစ်ကောင်စီတာဝန်ရှိသူတွေကို တင်ပြရာမှာ ဆီကိုခွဲတမ်းနဲ့ပေးနေတာကြောင့် အလှည့်ကျမှသာ ဆီရရှိနိုင်တယ်လို့ ပြန်လည်ပြောဆိုကြောင်း သိရပါတယ်။
ရန်ကုန်က ပုဂ္ဂလိကကျောင်းတွေ ယာယီပိတ်ထားတဲ့ အရေအတွက်ကို အတိအကျ မသိရပေမယ့် စက်သုံးဆီ ပြတ်လပ်မှုတွေကြောင့် ပုဂ္ဂလိကကျောင်းတွေအပြင် လူမှုကူညီရေးအသင်းတွေလည်း လူနာတင်ကားတွေကို ရပ်နားထားရတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဗဟိုဘဏ်က အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းတွေကမြှင့်တင်လိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေးကို အထိနာနိုင်ဟုဆို

ဗဟိုဘဏ်က အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းများကို မြှင့်တင်လိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားစွာ ဦးတည်စေတယ်လို့ လုပ်ငန်းရှင်တွေကဆိုပါတယ်။
Read More

ရန်ကုန်မြို့လယ် မီးရထားရုံးချုပ်ဟောင်းနေရာက ပန်နီဆူလာဟိုတယ်စီမံကိန်း ရပ်ဆိုင်း၊ ရင်းနှီးမြှုပ်နှံထားတဲ့ငွေ အားလုံးကို ဆုံးရှုံးငွေအဖြစ် သတ်မှတ်

ရန်ကုန်မြို့က အမေရိကန်ဒေါ်လာသန်း ၁၃၀ ကုန်ကျမယ့် ပန်နီဆူလာဟိုတယ်စီမံကိန်းကို  ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း  Nikkei Asia သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
Read More

တရုတ်က သူ့အကျိုးစီးပွား သူကြည့်ကာ KIA ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေး၊ စစ်ကောင်စီရဲ့ အရာရောက်မှုကို ဘေးရောက်စေတယ်လို့ စစ်တပ်ထောက်ခံသူတွေ ပြောဆိုနေ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်ပြီး မကြာခင်မှာပဲ တရုတ်နိုင်ငံဘက်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

Star City စီမံကိန်းအတွက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းမှ ငွေကြေးများ လက်ခံအသုံးပြုခဲ့ခြင်းမရှိဟု ရိုးမအုပ်စုငြင်းဆို

အွန်လိုင်းလိမ်လည်စင်တာတွေက ရာဇဝတ်လုပ်ငန်းဝင်ငွေတွေကို စီမံကိန်းချဲ့ထွင်ရာမှာ ရန်ပုံငွေအဖြစ် အသုံးမပြုခဲ့ကြောင်း မြန်မာပြည်ရဲ့ အချမ်းသာဆုံးသူဌေးကြီးတဦးဖြစ်တဲ့ ဦးသိမ်းဝေ ခေါ် မစ္စတာဆာ့ဂျ်ပန်း တည်ထောင်ထားတဲ့ Yoma Strategic Holdings က ငြင်းဆိုလိုက်ပါတယ်။
Read More

မြန်မာနိုင်ငံက တင်သွင်းလာတဲ့ စားသောက်ကုန်တချို့ စားသုံးဖို့မသင့်လျော်ကြောင်း အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံကနေ တင်သွင်းလာတဲ့ အသင့်စား စားသောက်ကုန်တချို့ဟာ ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း အမေရိကန် အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေးဝန်ဆောင်မှုဌာန (FSIS) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ထားဝယ်အထူးစီးပွါးရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ စစ်ကောင်စီနှင့် သဘောတူညီမှုရရှိခဲ့ဟု ရုရှား ဆို

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားက စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်‌နေ့မှာ ထုတ်ပြန်ပါတယ်။