အွန်လိုင်းလိမ်လည်စင်တာတွေက ရာဇဝတ်လုပ်ငန်းဝင်ငွေတွေကို စီမံကိန်းချဲ့ထွင်ရာမှာ ရန်ပုံငွေအဖြစ် အသုံးမပြုခဲ့ကြောင်း မြန်မာပြည်ရဲ့ အချမ်းသာဆုံးသူဌေးကြီးတဦးဖြစ်တဲ့ ဦးသိမ်းဝေ ခေါ် မစ္စတာဆာ့ဂျ်ပန်း တည်ထောင်ထားတဲ့ Yoma Strategic Holdings က ငြင်းဆိုလိုက်ပါတယ်။
ဩဂုတ်လ ၁၆ ရက်က ဧရာဝတီအင်္ဂလိပ်ပိုင်းရဲ့ “Myanmar Junta Charges Tycoon Serge Pun With Money Laundering, Other Financial Crimes” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ်မှာ StarCity ဆိုတဲ့ အိမ်ခြံမြေစီမံကိန်းအကြောင်းကို ဖော်ပြခဲ့ကြောင်း ရိုးမက စင်္ကာပူအိတ်ချိန်းမှာ ဩဂုတ်လ ၁၈ ရက်မှာ တုံ့ပြန်ပြောဆိုထားပါတယ်။
“StarCity ဟာ လက်ရှိမှာ နေထိုင်သူ ၆ထောင်ကျော်ရှိပြီး အတော်လေးကောင်းကောင်းမွန်မွန် လည်ပတ်နေတဲ့ လူမှုအသိုင်းအဝိုင်းတခုဖြစ်နေပါပြီ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာလည်း ပြင်ပရံပုံငွေ တစုံတရာ လက်ခံခဲ့ခြင်းမရှိသလို၊ လိုလည်း မလိုအပ်ခဲ့ပါဘူး” လို့ ဆိုပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ကုမ္ပဏီကိုရော၊ ဒါရိုက်တာတွေ၊ အမှုဆောင်အရာရှိတွေ၊ ဝန်ထမ်းတွေ ဒါမှမဟုတ် အဖွဲ့ရဲ့စီးပွားရေးတွေအပေါ်ကို စုံစမ်းနေဆေးနေတာတွေလည်း မရှိပါဘူး ဆိုတာကို ကုမ္ပဏီက အလေးပေးပြောလိုပါတယ်” လို့လည်း ၄င်းတို့က ငြင်းဆန်ထားပါတယ်။
လွန်ခဲ့တဲ့ တလက စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီးတဲ့နောက် ဦးသိမ်းဝေဟာ ငွေကြေးခဝါချမှုနဲ့ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု အပါအဝင် စွဲချက်များစွာကို ရင်ဆိုင်နေရတယ်လို့ ဧရာဝတီသတင်းဌာနက ၎င်းရဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး ရေးသားဖော်ပြခဲ့တာပါ။
အဆိုပါဆောင်းပါးဟာ အထင်အမြင်မှားစေမယ့် စွပ်စွဲချက်သာ ဖြစ်ပြီး၊ ဦးသိမ်းဝေဟာ လက်ရှိမှာ ဥပဒေအကြံပေးမှု ရယူနေကြောင်း ရိုးမက ပြန်လည်တုံ့ပြန်ထားပါတယ်။
GIC ကုမ္ပဏီနဲ့ နော်ဝေးနိုင်ငံပိုင် ရန်ပုံငွေဖြစ်တဲ့ Norfund တို့ကို ၎င်းရဲ့ဘဏ်လုပ်ငန်းအတွင်း ရင်းနှီးမြှုပ်နှံဖို့ ပါဝင်စေခဲ့တဲ့ ဦးသိမ်းဝေက အမှုဆောင်ဥက္ကဋ္ဌရာထူးကနေ နှုတ်ထွက်ကြောင်း ဇူလိုင်လမှာ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အခုလို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ၎င်းရဲ့သားဖြစ်သူ မယ်ဗင်ပန်းက ရိုးမရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားပါတယ်။
နောက်ဆုံးရသတင်းတွေအပြီးမှာ ရိုးမရဲ့ ရှယ်ယာတွေက ဩဂုတ်လ ၁၉ ရက် နံနက်ပိုင်းအထိ ကျဆင်းနေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ အစောပိုင်းကစလို့ ရှယ်ယာတန်ဖိုး ၄၇% အထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။
Ref: Straitstimes/Yoma denies allegations it used criminal proceeds from online scam centres for StarCity project/
0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံက တင်သွင်းလာတဲ့ စားသောက်ကုန်တချို့ စားသုံးဖို့မသင့်လျော်ကြောင်း အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံကနေ တင်သွင်းလာတဲ့ အသင့်စား စားသောက်ကုန်တချို့ဟာ ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း အမေရိကန် အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေးဝန်ဆောင်မှုဌာန (FSIS) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ပဋိပက္ခနဲ့ ရေကြီးမှုကြောင့် မြန်မာ့စီးပွားရေး ထပ်ကျုံ့နိုင်ဟု ကမ္ဘာ့ဘဏ် ပြော

ပဋိပက္ခနဲ့ ရေကြီးနစ်မြုပ်မှုကြောင့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း မြန်မာပြည်ရဲ့စီးပွားရေးဟာ ယခင် ခန့်မှန်းချက်လိုမဟုတ်ဘဲ ထပ်ပြီးကျုံ့သွားဦးမယ်လို့  ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
Read More

မုတ္တမပင်လယ်ကွေ့မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး အကြမ်းဖက်စစ်ကောင်စီနဲ့ ထိုင်းကုမ္ပဏီတို့ ထုတ်လုပ်မှုခွဲဝေရေးစာချုပ် ချုပ်ဆို

အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့ရေနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ မြန်မာအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ Gulf Petroleum Myanmar ကုမ္ပဏီ(GPM) တို့ဟာ မုတ္တမပင်လယ်ကွေ့မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးအတွက် မေလ ၂၉ ရက်က ထုတ်လုပ်မှုခွဲဝေရေးစာချုပ် (PSC) ကို လက်မှတ်ထိုးခဲ့ကြပါတယ်။
Read More

စစ်ကောင်စီရဲ့ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်နိုင်ငံကို Justice For Myanmar တောင်းဆို

စစ်ကောင်စီအတွက် ဝင်ငွေတွေ ရရှိနေတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီးနောက် သုံးနှစ်ကျော် ကြာမြင့်လာတဲ့ အချိန်အထိ ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်နေတယ်လို့  Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရုရှားနှင့် လုပ်ဆောင်မည့် ထားဝယ်အထူးစီးပွါးရေးဇုန်ကို အရပ်ဘက်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ ကန့်ကွက်

မြန်မာနိုင်ငံမှာ ရုရှားက ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြောင်း မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ပျက်စီးနေ ဟု TCRW ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်းက စစ်ကောင်စီရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေမှုနဲ့ ပတ်သက်ပြီး ၃လတာ စောင့်ကြည့်ထားတဲ့ အစီရင်ခံစာကို Tanintharyi Coalition Resource Watch (TCRW) က ထုတ်ပြန်ပါတယ်။