တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း မောထစခန်း၊ ပဲဒတ်စခန်းနဲ့ သိန္တောရွာစခန်းတို့အပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၁၁ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းမှာ ပကဖ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ KNU တို့ဟာ စခန်းသိမ်းပိုက်မှုအနေနဲ့ စခန်း (၁၁) ခု သိမ်းယူနိုင်ခဲ့ပြီး စခန်း (၉) ခု ကို စစ်ကောင်စီတပ်တွေ ဆုတ်ခွါထွက်ပြေးအောင် ပိတ်ဆို့ဝန်းရံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလအတွင်း ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်း အနီးက မောထစခန်းကို KNLA က သိမ်းယူနိုင်ခဲ့ပြီး အမှတ် (၈) လမ်းမ၊ သရက်ချောင်းမြို့နယ်၊ ပဲဒတ် စခန်းကို ပကဖ နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ် (၂၇) နှစ်ကြာ တပ်စွဲထားတဲ့ အောင်သာဝရ တပ်စခန်းကို သိမ်းယူနိုင်ခဲ့သလို အင်အား (၁၅၀) ခန့် တပ်စွဲထားတဲ့ တနင်္သာရီမြို့နယ်၊ သိန္ဓောရွာတပ်စခန်းကိုလည်း စစ်ကောင်စီတပ်တွေ စွန့်ခွါပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်တွေဟာ မေတ္တာဗျူဟာကုန်းကို လနဲ့ချီ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့ ယာဉ်တန်းတွေကိုပါ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သလို ၂၀၂၄ ခုနှစ်အတွင်း ကြီးမားတဲ့ စစ်ရေးအောင်ပွဲတွေ ရရှိခဲ့ကာ မြို့တော် ထားဝယ်မှာရှိတဲ့ စကခ (၈)၊ တိုင်းရဲတပ်ဖွဲ့ရုံး၊ ဝန်ကြီးအိမ်ရာတို့ကိုပါ ခြိမ်းခြောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဝန်ထမ်းတွေကို မထိခိုက်စေချင်တာကြောင့် 29 ရတနာဆိုင်ကို သတိပေးဖောက်ခွဲမှုသာ လုပ်ခဲ့ကြောင်း T.U.F မြို့ပြပြောက်ကျားအဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာမှာရှိတဲ့ 29 ရတနာဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ T.U.F (Together Urban Force ) အဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

ခင်ဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်သွားတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းကို စစ်ကော်မရှင်တပ် ပြန်လည်သိမ်းပိုက်လိုက်ပေမယ့် အထိုင်ချရဲမှာမဟုတ်ဘူးဟု ဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းစစ်စခန်းကို စစ်ကော်မရှင်တပ် နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ ပြန်လည်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မင်းလှမြို့နယ်ရှိ မဲရုံနှစ်နေရာကို တော်လှန်ရေးတပ်များ မိုင်းခွဲတိုက်ခိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ မဲရုံနေရာ ၂ ခုကို  တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

မော်တော်ယာဉ်များကို ပိုက်ဆံကောက်နေသည့် စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အထက (၁) ကျောင်းနားမှာ ပြည်သူတွေရဲ့ကားတွေထံက ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army - TPA တပ်ဖွဲ့ဆီက သိရပါတယ်။