ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၂၇ ယောက်သေပြီး ၂၂ ယောက်နဲ့အထက် ဒဏ်ရာရကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၈ ရက်ကနေ ဇန်နဝါရီလ ၂၄ ရက်အထိ ၇ ရက်တာကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ KNU-KNLA နဲ့ အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို (၁၆) ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားစုစုပေါင်း ( ၂၇ ) ယောက်
သေဆုံးကာ (၂၂) ယောက်နဲ့ အထက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၃ ရက်မှာ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၂၊ တပ်ရင်း ၃၇၀၃၊ တောကျီးကန်း ၇ ကောင်စစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ Spring Warrior Drone Team၊ ကွန်မန်ဒိုတပ်ရင်း ဒရုန်းအဖွဲ့၊ တပ်ရင်း ၃၇၀၃ ဒရုန်းအဖွဲ့တို့ ပူးပေါင်းပြီး ညောင်‌လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ၊ ဆွဲဒလကျောင်းကြီး ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ အထိုင်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ အဲ့ဒီစခန်းက စစ်ကောင်စီတပ်သား ၁၁ ယောက့ သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က MA အမျိုးအစားသေနတ် ၄ လက်၊ MA ကျည်ဘောက် ၁၀ ခု၊ G3 ၂ လက်၊ ကျည်ဘောက် ၄ ဘောက်၊ အူစီ ၁ လက်၊ ကျည်ဘောက် ၁ ဘောက်နဲ့ ကျည်တွေ သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက် ကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မိုးဗြဲမြို့ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် PNO ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်ရာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံး၊ စစ်ကောင်စီတပ်မှ အလင်းဝင်လာသူ ၁၆ ဦးရှိပြီး NUG ပညာရေးစနစ်သစ်ကို ဖြေဆိုအောင်မြင်ထားသူအချို့ ပါဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ ပြန်လည်ရရှိရေး အင်အား ၆၀၀ ကျော်ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကို ခုခံတိုက်ခိုက်နေရာ စစ်သား ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကယား ( ကရင်နီ )စစ်တိုင်းဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောက်မှာ ရွာမီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီက လင်းတကိုင်းတိုက်နယ်ကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေဆီက ကာလတန်ဖိုး ငွေကျပ် သိန်း ၇၀၀ နီးပါးရှိတဲ့ ငွေကြေးနဲ့ပစ္စည်းတွေ လုယက်သွားတယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမှာ စစ်ကောင်စီတပ်က မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရေတွင်းထဲ အလောင်းများ စွန့်ပစ်သွားခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ကာ ရေတွင်းထဲ အလောင်းတွေ ပစ်ချမြုပ်နှံသွားတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) ရဲ့ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဘုတ်ပြင်းမှ ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ တပ်ရင်းမှူး ဒဏ်ရာပြင်းထန်ပြီး တပ်ကြပ် ၁ ဦး သေကာ ဒဏ်ရာရသူ ၁၉ ဦး ရှိဟု ဆို

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့က ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ရာ တပ်ရင်းမှူး ပြင်းထန်ဒဏ်ရာရပြီး တပ်ကြပ် ၁ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၉ ယောက် ရှိတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၃ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ပါတယ်။
Read More

တရုတ်ရဲ့ စေခိုင်းမှုကြောင့် ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်မှုဖြင့် အရာရှိ ၄ဦးကို စစ်ကောင်စီ ဖမ်းဆီးထား ရမခ တိုင်းမှူးအဖြစ် ခန့်အပ်ခံရမှု ၇ လခန့်သာ ရှိသေးသည့် ဗိုလ်ချုပ် မြင့်ကျော်ထွန်းလည်း ပါဝင်

ကျားဖြန့်ငွေလိမ်လုပ်ငန်းနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဟုဆိုကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း အပါအဝင် အရာရှိ ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။