ကရင်ပြည်နယ်၊ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေက စစ်ကောင်စီတပ်ရဲ့ တောင်သုံးလုံးစခန်းနဲ့ ကဆောမဲ (ဆင်စွယ်)စခန်းတွေကို အမှတ် (၅) တပ်မဟာ  KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၇ ရက်က ကဆောမဲစခန်းကို  KNLA ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ တောင်သုံးလုံးစခန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စခန်းမကျစေရေး လေကြောင်းကနေ အပြင်းအထန်ခုခံခဲ့ပြီး မနေ့က ဒီဇင်ဘာ ၁၀ ရက်အထိ လေကြောင်းကနေ လာရောက်ပစ်ခတ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Video – (ဆင်စွယ်) ကဆောမဲ စခန်း

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်း အများအပြား သေဆုံးခဲ့သည့် တိုက်ပွဲအတွင်း SOS ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ရာမှာ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ရဲဘော်တွေက ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ကော့သောင်းမြို့နယ်အတွင်း PDF ရဲဘော်များက မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဖမ်းဆီးပြီး မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို ဖမ်းဆီးပြီး မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ကင်းယူမယ့်အဆောက်အအုံမှာ မိုင်းထောင်ပြီး တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ အဆောက်အအုံမှာ ကြိုတင်မိုင်းထောင်ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးကင်းယူဖို့ ရောက်ရှိလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မြဝတီ ချောင်းဆုံမြစ်တွင် လူငယ် ၄ ဦး ရေကစားရာမှ ပျောက်ဆုံးနေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ချောင်းဆုံမြစ်မှာ လူငယ် ၄ယောက် ရေကစားရာကနေ နှစ်မြုပ်ပျောက်ဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

အညာမြေတပ်ပေါင်းစု၏ စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦး ကျဆုံး (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတစ်ခုကို စစ်ကော်မရှင်က စက်တင်ဘာ ၂၈ရက် မနေ့က ညနေပိုင်းမှာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ရဲဘော် ၃ ယောက်ကျဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ဖေဖော်ဝါရီ ၁ ရက်က မဲဇလီတံတားတိုက်ပွဲအတွင်း အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဟာ ဖေဖော်ဝါရီ ၃ ရက်က ပုသိမ်-မုံရွာလမ်း ၃ မိုင်ပေါက်ကို အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက စတင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။