ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး -KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ဖာပွန်ခရိုင်မှာ ဒီဇင်ဘာလ (၁) ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထွီးသီးအုကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက် ညနေပိုင်းကလည်း K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စစ်တပ်တို့ကြား ဖာပွန်နယ်မြေ (ငှက်ပျောတော) မှာ (၁) ကြိမ်၊ ထွီးသီးအု နယ်မြေ မှာ (၁)ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား (၄) ယောက် သေဆုံးပြီး MA-1 (၃) လက်နဲ့ MA-4 (၁)လက် သိမ်းဆည်းရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီရဲ့ မာထောစစ်စခန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာလည်း ၈၁မမ လက်နက်ကြီး (၁) လက် ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ − အကြမ်းဖက်စစ်ကောင်စီတပ်ထံက သိမ်းပိုက်ရရှိတဲ့ လက်နက်ခဲယမ်းများ…
0 Shares:
You May Also Like
Read More

စစ်ကော်မရှင်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်ရင်း အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၏ စခန်းမှူး ဥသြ ကျဆုံး

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကော်မရှင်ယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်ရင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းမှူး ရဲဘော် အောင်ဇင်မျိုး (ခ) ဥသြ ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း သယံဇာတရေးရာကိစ္စရပ်များအတွက် NUG သယံဇာတ ဒုဝန်ကြီး ဦးဆောင်သည့်အဖွဲ့ မြေပြင်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းအတွင်း စိုးမိုးထိန်းချုပ်နယ်မြေတွေက သယံဇာတရေးရာကိစ္စရပ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီး ခွန်းစောဖူး ဦးဆောင်တဲ့အဖွဲ့က မြေပြင်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

Air Cargo ဖြင့် ကုန်စည်တင်သွင်းမှု စစ်ကော်မရှင် တင်းကြပ်ထားတာကြောင့် လုပ်ငန်းတချို့ ယာယီရပ်နားရ

အာဏာသိမ်း စစ်ကော်မရှင်ဟာ နယ်စပ်နဲ့ ရေကြောင်းကနေ ကုန်စည်တင်သွင်းမှုတွေကို ထိန်းချုပ်ကန့်သတ်ထားပြီးနောက် လေကြောင်းကနေ ကုန်စည်တင်သွင်းလာမှုကိုပါ ပိတ်ပင်ကန့်သတ်လာပါတယ်။
Read More

လေးနှစ်တိုင် CDM ဝန်ထမ်းများ တိုက်ပွဲဝင်နေမှုအပေါ် အပြည့်အ၀မကူညီနိုင်ခဲ့ဟု NUG ပြော

CDM လှုပ်ရှားမှုတွေထဲက ပြည်သူ့ဘက်တော်သားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာ ကြီးမားတဲ့ကဏ္ဍက ပါဝင်နေလို့ CDM သူရဲကောင်းအားလုံးကို ဦးညွတ်အ‌လေးပြုကြောင်း NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
Read More

ချောက်တွင် စစ်အုပ်စု ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ပြီး တော်လှန်ရေးရဲဘော် ၁ ဦးကို ကယ်ထုတ်နိုင်ခဲ့၊ ပစ်ခတ်မှုအတွင်း ရဲ ၂ ဦး သေကာ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် (၃) ပြည်ထောင်စုလမ်းပိုင်းမှာ နိုင်ငံရေးအကျဥ်းသားတွေ တင်ဆောင် မောင်းနှင်လာတဲ့ စစ်အုပ်စု ကား၂ စီးကို စောင့်ကြိုတိုက်ခိုက်ရာ ရဲ ၂ ယောက်သေဆုံးပြီး ပြောက်ကျားစစ်ဆင်ရေးတွေ ဦးဆောင်သူ ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နတ်တလင်းအရှေ့ပိုင်း ဒမငယ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေလ ၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။