ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ ပြည်ပထွက်ခွာမယ့် လူငယ်တွေကို နည်းမျိုးစုံနဲ့ ငွေညှစ်မှု ပိတ်ပင်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို တုံ့ပြန်တာဖြစ်တယ်လို့ Shawdow SAF အဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၅ရက်၊ မနေ့က ညပိုင်းမှာ စစ်ကောင််စီရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အဆင့်မြှင့်တင်ထားတဲ့ မစ်ဇိုင်း ဒုံး ၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဘက်ဘက်မှာ ယိုယွင်းပျက်စီးနေတဲ့ မြန်မာနိုင်ငံကနေ ထွက်ခွါဖို့ကြိုးစားတဲ့လူငယ်တွေကို နည်းလမ်းမျိုးစုံနဲ့ ငွေညှစ်ကာ လက်မှတ်တွေကို လေယာဥ်ဆန့်တဲ့ ပမာဏထက် ပိုမိုရောင်းချပြီး လေဆိပ်ကနေ လှည့်ပြန်ခိုင်းတာတွေ ၊ ဖိနှိပ်ချုပ်ချယ်တာတွေရှိနေတာကြောင့်အခုလိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် အညာဒေသနဲ့ စစ်မျက်နှာစုံမှာလေကြောင်းကိုအသုံးချပြီး အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြိုးစားနေတာကြောင့်တိုက်ခိုက်နေရတာလို့လည်း Shadow SAF အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

Shawdow SAF အဖွဲ့၏ ထုတ်ပြန်ချက်

လေတပ်ဝန်းထဲ ထိခိုက်မှုတော့ ရှိတယ်။ ထိတဲ့ အကြောင်းလည်း ကြားတယ် ..အတည်ပြုနေတုန်းပါ။လို့ Shadow SAF အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အောက်တိုဘာ ၅ရက် မနေ့ကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်ချိန် နေပြည်တော် လေဆိပ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပါသေးတယ်။

စစ်တပ်လော်ဘီချန်နယ်တွေမှာတော့ မနက် ၈နာရီ မိနစ် ၂၀လောက်မှာ အေလာလေယာဥ်ကွင်းရဲ့လေယာဥ်ပြေးလမ်းနဲ့ ကားပါကင်ကြားမှာ မ​​ပေါက်ကွဲသေးတဲ့ PVC ပိုက်နဲ့ပြုလုပ်ထားတဲ့ ဗုံးတွေ့ကြောင်းရေးသားဖော်ပြကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စစ်မျက်နှာစုံမှာ လေကြောင်းကို အားပြုတိုက်ခိုက်နေရကြောင်း သိသာထင်ရှားလာတဲ့နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေက မကြာခဏ ဆိုသလို လေတပ်ဌာနချုပ်ရှိရာစခန်းတွေဆီ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့နယ်မှာ ကျေးရွာဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG အစိုးရက ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့တယ်လို့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

မတ္တရာက ပြည်သူ့ရဲဘော်တွေကို စစ်သည်တော်ကျင့်ဝတ် လက်ကမ်းစာစောင်များဖြန့်ဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ရဲဘော်တွေကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး လက်ကမ်းစာစောင်တွေ နဲ့ စစ် သည်တော်ကျင့်ဝတ် လက် ကမ်းစာစောင်များကို မနေ့က ပေးဝေခဲ့ တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ NUG က ထုတ်ပြန်ပါတယ်။
Read More

ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင် တပ်သားတစ်ယောက် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့ပေါ်အထိတက်မည့် စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်၊ စစ်သားအလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ မြိုင်မြို့ပေါ်အထိတက်မယ့် အကြမ်းဖက်စစ်ကြောင်းကို ပြန်လည်ဆုတ်ခွာသွားအောင် ခုခံတိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ အကြမ်းဖက်စစ်သားအလောင်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

မုံရွာလူထုသပိတ်ခေါင်းဆောင် ၁ ဦးဖြစ်သူ ကိုဝေမိုးနိုင် မုံရွာထောင်မှ အိုးဘိုထောင်သို့ ရွှေ့ပြောင်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က လူထုသပိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မုံရွာထောင်ကနေ မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။