မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြို့အဝင် ခလရ (၅၀) လမ်းဆုံမှာရှိတဲ့ အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲဗုံးကြဲ တိုက်ခိုက်လို့ ရဲနဲ့ စစ်သားတွေထိခိုက်သွားပြီး စစ်အုပ်စုက ဖုန်းလိုင်းတွေ ချက်ချင်းဖြတ်တောက်ပစ်ခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၂) ရက်နေ့ ညပိုင်းက ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်ရင်းကို အသစ်ပြောင်းရွှေ့လာတဲ့ တပ်ရင်းမှူးနဲ့ အပေါင်းအပါတွေ မြို့အဝင်စစ်ဆေးရေးဂိတ်နားက စား သောက်ဆိုင်တစ်ခုမှာ ညစာ စားသောက်ပွဲလုပ်ဆောင် နေချိနိတော်လှန်ရေး တပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လုံခြုံရေးတင်းကြပ် ထားတဲ့ စစ်ဆေးရေးဂိတ် ပျက်စီးသွားခဲ့ပြီး ရဲနဲ့စစ်သားတွေလည်း ထိခိုက်မှုရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှု အပြီးမှာပဲ စစ်အုပ်စုရဲ့ ခလရ (၅၀) တပ် ကနေ မြစ်အနောက်ဘက် စိုင်ဒူးကျေးရွာဆီ (၆၀) မမ လက်နက်ကြီး (၂) ချက် ရမ်းကားပစ်ခတ်ခဲ့သလို မြို့နယ်အတွင်း တယ်လီနောနဲ့ MPT ဖုန်းလိုင်းတွေကိုပါ ဖြတ်တောက် ပစ်ခဲ့တယ်လို့ သိရပါတယ်။

“၁၂ ရက်နေ့ည ဒရုန်းချတာမှာ ရဲ၂ ယောက်နဲ့ စခ၂ ယောက်ထိတယ်၊ တပ်ရင်းမှူးအသစ်ကြိုဆို ညစာစားပွဲ လုပ်နေတုန်း ချခံရတာပါ။ လိုင်းဖြတ် တာကကျ ၁၃ ရက်နေ့ ကစတယ်။ တယ်လီနော ဖုန်းလိုင်းကို ဖြတ်ထား တာပါ။ MPT လည်းတချို့နေရာတွေမရဘူး” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်လောက်က စလို့ ဂန့်ဂေါမြို့နယ်၊ အမှတ်(၅၀) မြေမြန်တပ်ရင်းကို တပ်ရင်းမှူးအသစ် ပြောင်းရွှေ့ လာခဲ့တာလို့ သိရပါတယ်။
သူပြောင်းရွှေ့လာ ချိန်ကစလို့ တော်လှန်ရေးတပ်တွေက ဂန့်ဂေါခရိုင် ခေါ် ယောဒေသစစ်ဆင်ရေး စတင်ခဲ့သလို ဂန့်ဂေါမြို့ပေါ်က စစ်အုပ်စု ရှိရာနေရာတွေ ကိုလည်း လက်နက်ကြီးတွေပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေပိုမိုလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၀)ရက်နဲ့ ရွေးကောက်ပွဲအတု လုပ်ဆောင်ရာ (၁၁)ရက်နေ့ တွေတုန်းကလည်း စစ်အုပ်စုရှိရာ မြို့ပေါ်နေရာတွေကို တော်လှန်ရေးတပ်တွေ စုပေါင်ပြီး ရှော့တိုက်ဒုံး ပစ်တာ ဒရုန်းဗုံးချတာတွေလုပ်ဆောင် ခဲ့ပါသေးတယ်။