ကရင်အမျိုးသား အစည်းအရုံး KNU၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်က အကြမ်ဖက်စစ်တပ် တပ်သား ၃ ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၁ ရက်နေ့ KNU မြိတ်ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ အာဏာသိမ်းအကြမ်းဖက်တပ် တပ်ဖွဲ့ဝင်တပ်သား(၃)ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၄), တပ်ရင်း(၁၁)ဆီ အလင်းဝင်ဘက်ပြောင်း ခိုလှုံလာတယ်လို့ ဖော်ပြထားပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်အတွင်း ဇန်နဝါရီလ(၁၀)ရက်နေ့မှာ အာဏာသိမ်း အကြမ်းဖက်တပ် တပ်ရင်း(ခလရ-၂၆၅) ကတပ်သား(၂) ယောက်အလင်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ(၁၁)ရက်နေ့မှာလည်း အာဏာသိမ်း အကြမ်းဖက်တပ် တပ်ရင်း(စအရ-၉၁၈)က တပ်သား(၁)ယောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၄)၊ တပ်ရင်း(၁၁)ဆီ MA3 (၁)လက်၊ ကျည်အပါဝင် ကျည်ဘောက်(၁)ခု နဲ့ အလင်းဝင် ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင်ဘက်ပြောင်း ခိုလှုံခဲ့တဲ့ တပ်သား(၃)ယောက်ဟာ အာဏာသိမ်းတပ်က အတင်းအဓမ္မဖမ်းဆီ စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားတွေလို့ ဆိုပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ် အတွင်းက တပ်သားတွေ အနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက တိုက်တွန်း ထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၄)၊ တပ်ရင်း(၁၁)၊ ထံသို့ ဘက်ပြောင်းခိုလှုံသည့် အာဏာသိမ်းတပ် တပ်သား (၃) ဦးအား တွေ့ရစဥ် (ဓာတ်ပုံ KNU – Mergui-Tavoy District) 
