ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ထိန်တပင်ကျေးရွာနဲ့ ကလိမ်ခင်ကျေးရွာကြားရှိ အကြမ်းဖက်စစ် တပ်စခန်းနဲ့ မီးရထားလမ်းပေါ်ရှိ ရဲကင်းစခန်းတွေကို ရှင်းလင်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ထိန်တပင်ကျေးရွာနဲ့ ကလိခင်ကျေးရွာရှိ စစ်တပ်စခန်းများကို ပဲခူး တိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၆) တပ်ရင်းများဖြစ်တဲ့ တောကျီးကန်းတပ်ရင်း၊ ပဲခူးခရိုင်အမှတ် (၃) မီးနဂါး(3703)တပ်ရင်းတို့နှင့်အတူ တော်ဝင်ဒေါင်းတပ်ရင်းတို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။
အကြမ်းဖက်စစ်တပ်စခန်းတွေကို မြေပြင်ကနေသာမက ဝေဟင်ကနေပါ ဒရုန်းတွေနဲ့ အပြီးသတ် တိုက်ခိုက်ချေမှုန်းခဲ့ပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာလည်း လုံခြုံရေးဆိုင်ရာစစ်ဆေးမှုများ လုပ်ဆောင်ခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Video – တောကျီးကန်းစစ်ကြောင်း