မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းမှာ “Yawland Operation” အမည်ဖြင့် ဆင်နွှဲနေတဲ့ စစ်ဆင်ရေးအတွင်း စစ်တပ်က တပ်စွဲထားတဲ့ ပျူစောထီးအခြေစိုက်ကျေးရွာ နှစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ပျူစောထီးများအပါအဝင် စစ်အုပ်စုဝင် ၄၂ ဦးအထိ သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ သတင်းထုတ်ပြန်လာပါတယ်။

အဆိုပါစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ မနက်ပိုင်းကစတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး၊ ယောဒေသအတွင်း အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအစ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဝင်ဝ၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ မြောက်ခင်ရမ်း၊ ရွှေမြစ်သာ စတဲ့ ပျုစောထီးကျေးရွာတွေနဲ့ တောကျောင်းကာကင်းစခန်းတို့ကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဝင်ဝ(ပျူ)ရွာကို စတင်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီနောက် ဇန်နဝါရီလ ၄ ရက်နေ့မှာ ရွှေမြစ်သာ(ပျူ)ရွာ ကို ထပ်မံထိုးစစ်ဆင်ခဲ့ရာ မနက် ၉ နာရီဝန်းကျင်မှာ ထပ်မံအပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြောက်ခင်ရမ်း ပျူစောထီးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ရဲ့ ထိတွေ့တိုက်ပွဲမှာလည်း စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ အများအပြား အထိနာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ စစ်ဆင်ရေးကာလအတွင်း ရန်သူစစ်တပ်ဘက်မှ စုစုပေါင်း ၄၂ ဦး သေဆုံးခဲ့ပြီး G3 (၄) လက်၊ ကာဘိုင် (၂) လက်၊ ခါးချိုး (၂) လက်၊ ဂျမ်ဘာ (၁) လုံး၊ ၆၀ မမ ဗုံးသီးတွေနဲ့ ကျည်ဆန်ပေါင်း ၁၄၀၀ ကျော်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို တော်လှန်ရေးတပ်များက သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ မျက်မြင်ရုပ်အလောင်းက ၂၀ ဝန်းကျင်လောက် ကျွန်တော်တို့ တွေ့ခဲ့တာရှိတယ်။ ရန်သူဘက်က ဆက်သွယ်ရေးစက်ကနေတဆင့် သိရတာမျိုးလည်းရှိတယ်။ ပြီးတော့ ရန်သူဘက်က သတင်းရင်းမြစ်တွေကနေ သိရတာပါ” လို့ ဂန့်ဂေါခရိုင်စစ်ဌာနမှ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဝန်းကျင်မှာ စစ်တပ်ဘက်ကနေ စစ်ကြောင်းပြန်ထိုးလာတဲ့ အနေအထားမရှိပေမဲ့ စစ်တပ်အထိုင်ချထားတဲ့ ကျေးရွာတွေက စစ်ကြောင်းငယ်တွေနဲ့တော့ တိုက်ပွဲငယ်လေးတွေ ဖြစ်နေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။

အဆိုပါ စစ်ဆင်ရေးကိုတော့ ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ရှိ တပ်ရင်းတွေ၊ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့၊ KKG တပ်ရင်း(၅/၆)၊ ဂန့်ဂေါခရိုင်/မြို့နယ် ပကဖ၊ မြိုင်မြို့နယ် ပကဖ (ဗိုလ်လကျ်ာအဖွဲ့)၊ ယောတပ်တော် (YA)၊ YDF (ရဲဘော် ကောင်းကောင်း အဖွဲ့) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေကိုလည်း တော်လှန်ရေးအဖွဲ့များက လုံခြုံရာနေရာတွေကို ပို့ဆောင်ပေးခဲ့ပြီး လိုအပ်တဲ့ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု‌တွေကို ဆောင်ရွက်ပေးနေတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မင်းကွန်းရဲစခန်းကို ရာထူးတိုး ပြောင်းလာသည့် ၂ ပွင့် ရဲအရာရှိ ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။
Read More

ရန်ကုန်မှာ မြို့ပြတော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက် စစ်ကောင်စီ ဖမ်းဆီးမှုတွေ ပိုများလာ

ရန်ကုန်မှာ မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းမိကြောင်း အကြမ်းဖက်စစ်ကောင်စီက ဒီရက်ပိုင်း ထုတ်ပြန်ကြေညာမှုတွေ လုပ်ဆောင်လာနေသလို စစ်တပ်လော်ဘီချန်နယ်တွေမှာလည်း ဒီသတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမှုတွေ လုပ်ဆောင်လာနေပါတယ်။
Read More

ဘူးသိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးအပါ (၂) ယောက် သေဆုံးပြီး ကလေး (၁) ယောက် ဒဏ်ရာရ

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ်ကလေးအပါ (၂) ယောက် သေဆုံးပြီး ကလေး (၁) ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကပစ-၂၁ က စစ်ကားတွေ​ ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ပွင့်ဗိုလ်အပါ ၄ယောက် သေ၊ ၅ယောက် ဒဏ်ရာရ

မကွေးတိိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၁က ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ပွင့်အရာရှိ အပါအဝင် စစ်သား ၄ ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း (၄) ၊ တပ်ခွဲ (၁) သတင်းထောက်လှမ်းရေးက မောင်းကို ပြောပါတယ်။
Read More

မူဆယ်မှာ စစ်ကောင်စီတပ် လက်ကျန် မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

Y12 လေယာဉ်တွေ ထိခိုက်၊ အရာရှိအပါ ၉ယောက် သေခဲ့တဲ့ မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီ သတင်းဖုံးဖို့ ကြိုးစားနေ

စစ်လေယာဥ်တွေ ထိခိုက်ပျက်စီးပြီး သေဆုံးသူ ၉ယောက်အထိရှိခဲ့တဲ့ မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီက သတင်းဖုံးဖိဖို့ကြိုးစားနေပြီး လေဆိပ်အနီးအနား ဖမ်းဆီးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။