ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဒုရဲအုပ်အပါအဝင် စစ်‌ကော်မရှင်တပ်သား ၁၉ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။ 

ဒီဇင်ဘာ ၁၆ ရက် မနက် ၆ နာရီလောက်က ဆင်တလင်းရွာမှာ အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီနီးပါး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

ပစ်ခတ်မှုအတွင်း ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး ၁ယောက်နဲ့ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် ၁၈ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့ကာ ကျန်တဲ့ စစ်ကော်မရှင်တပ်သားတွေက ကွမ်းခြံကုန်းဂိတ်စခန်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ် ။

“ရွာထဲမှာ တပ်စွဲတာကတော့ တစ်လလောက်ရှိမယ် ၊ အရင်ကလည်းစွဲဖူးတယ်၊ ပြန်ထွက်လိုက် ပြန်ဝင်လိုက်နေနေကြတာ၊ စခတွေသေဆုံးမှုကိုတော့ တိုက်ပွဲအတွင်း မြင်တွေ့ခဲ့တာတွေရှိသလို လာရောက်အလောင်းကောက်သွားကြတာကို မြင်တဲ့ ပြည်သူတွေဆီကလည်း ပြန်လည်သိရပါတယ်” လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်ကော်မရှင်တပ်သားတွေ စစ်ကူလာနိုင်တဲ့ ထန်းပင်ချောင်း အထိုင်စခန်းကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကော်မရှင်တပ်သား ၂ ယောက် ထိမှန်ဒဏ်ရာရရှိသွားသေးတယ်လို့ သိရပါတယ်။ 

အဲဒီနောက် ညနေ ၃ နာရီလောက်မှာလည်း စစ်ကော်မရှင်တပ်သားတွေ အင်အား ၈၀ ဝန်းကျင်နဲ့ ထပ်မံစစ်ကြောင်းထိုးလာချိန် တောင်တန်းမြိုင်ကျေးရွာနားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁ ယောက်သေဆုံးကာ ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေဆီကနေ MA – 1 (၄) လက် ၊ MA – 3 (၆) လက် ၊ G3 (၁) လက် ၊ ခြောက်လုံးပြူး (၁) လက် ၊ Helmet (၇) လုံး ၊ Equipment (၃) ခုနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ကွပ်ကဲမှုနဲ့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF) ၊ သာယာဝတီခရိုင်တပ်ရင်း -၂ (၃၈၀၂) ရဲ့ တပ်ခွဲ – ၂၊ တပ်ခွဲ -၃၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ လက်ပံတန်းမြို့နယ် (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂) ၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ – ၃ ၊ သာယာဝတီ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) ရဲ့ တပ်ရင်း – ၃ စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Video – ပေးပို့

0 Shares:
You May Also Like
Read More

အမ်း-ပဒါန်းလမ်းမပေါ် စစ်တပ်ရိက္ခာယာဉ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ယောက်ထက်မနည်းသေ (ရုပ်/သံ)

မကွေးတိုင်း အမ်း-ပဒါန်းလမ်းမပေါ်မှာ အင်အား ၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ရိက္ခာယာဉ် ၃ စီးကို ဒီဇင်ဘာ ၄ ရက် မနေ့က နေ့လည်ပိုင်းမှာ ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  PRA-Magway တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကံသစ်ကျေးရွာကို စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို စောင့်ဆိုင်းတိုက်ခိုက်မှု စစ်သား ၄ ယောက် အပြင်းအထန်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ကံသစ်ကျေးရွာကို ဧပြီ ၁၃ ရက်မှာ ခလရ ၂၅၈ တပ်ရင်းက အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖထံက သိရပါတယ်။
Read More

မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Northern Shan State Alliance Army ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်း (ရုပ်/သံ)

ရှမ်းပြည်နယ် မိုးကုတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ်က ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (Northern Shan State Alliance Army) ရဲဘော်တွေ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းရုပ်သံဖိုင်ကို အဆိုပါ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF တာဝန်ခံ ဧရာဝတီသား အောင်စံရှား

"ဧရာဝတီက ဒလန်တိုင်းမဟုတ်ဘူး။ စကစ ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး အကြောင်းပြချက်တစ်ခုလည်းဖြစ်တာပေါ့ သွေးခွဲတဲ့ဟာလည်းဖြစ်တယ် နှိမ်တာလည်းပါတာပေါ့။ ဒလန်တိုင်း လုံးဝမဟုတ်ဘူး။ တကယ့်တော်လှန်ရေး စစ်စစ် တကယ့် ဒီမိုကရေစီကို လိုလားသူ တကယ့်အမှန်တရားကို မြတ်နိုးတဲ့လူတွေဖြစ်တယ်။ တကယ်ပဲရိုးရိုးသားသားနဲ့ လက်ရှိတော်လှန်ရေးမှာလည်း အားထုတ်ပြီးတော့ ပါဝင်နေကြတယ်"
Read More

အင်းတော်မြို့ကို KIA နှင့် ပူးပေါင်းတပ်များ အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် ညပိုင်းမှာ အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မိုးကုတ်မြို့ ရေကြီး‌ရေလျှံမှုကြောင့် နေအိမ်အချို့ပျက်စီးကာ လမ်းအက်ကွဲမှုများ ဖြစ်ပေါ်နေ (ရုပ်/သံ)

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့မှာ ဇွန်လ ၂၆ ရက်နဲ့ ဒီနေ့ ဇွန်လ ၂၇ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။