စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၁၅ ရက် မနေ့မနက်ပိုင်းကစလို့ မုံရွာမြို့တောင်ဘက်၊ စွမ်းရည်ထက် ဆီဆိုင် ဂိတ်စခန်းကနေ ထွက်ခွာလာတဲ့ အင်အား ၁၅၀ ပါ အကြမ်းဖက်စစ်ကြောင်းဟာ နဂါးတွင်းနဲ့ ပေါက်ပင်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ထနောင်းတောတောင်ရွာ၊ ထနောင်းတောမြောက်ရွာအပါအဝင် ပေါက်ပင်နဂါးတွင်း၊ မြင်သာရွာ၊မင်းကုန်း၊ ဆူးလေကုန်းနဲ့ ထန်းလေးပင်ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့လည်း မြေပြင်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပေါက်ပင်ရွာက အရပ်သားနေအိမ် ၄ လုံးနဲ့ နဂါးတွင်းရွာက နေအိမ်အလုံး ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်အုပ်စု မီးရှို့ခဲ့သည့် ကျေးရွာနှစ်ရွာ မြင်ကွင်း (ဓာတ်ပုံ မုံရွာပကဖ)
စစ်အုပ်စု မီးရှို့ခဲ့သည့် ကျေးရွာနှစ်ရွာ မြင်ကွင်း (ဓာတ်ပုံ မုံရွာပကဖ)
စစ်အုပ်စု မီးရှို့ခဲ့သည့် ကျေးရွာနှစ်ရွာ မြင်ကွင်း (ဓာတ်ပုံ မုံရွာပကဖ)

အဲ့ဒီလို မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို  မုံရွာမြို့နယ် ပကဖ- တိုက်နယ် (၃) ပကဖ နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေက လမ်းပိုင်းတစ်နေရာကနေ ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ယောက် မျက်မြင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

“မုံရွာ နမခကလာပြီး စွမ်းရည်ထက် ဂိတ်မှာစုတယ်။ အဲ့ကနေ ထွက်လာတဲ့ စစ်ကြောင်းဗျ။ လက်ရှိအချိန်မှာ တော့ စစ်ကြောင်း မရှိတော့ပါဘူး” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ နေအိမ် မီးရှို့ဖျက်ဆီးခံလိုက်တဲ့ အရပ်သားတွေအတွက် တော်လှန်ရေးတပ်တွေက ရှင်းလင်းရေး ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေကြောင့် စစ်အုပ်စုရဲ့ ကျောက်ဆစ်ပုံအမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်တာမျိုးတွေရှိကြောင်း မုံရွာအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ဖော်ပြပါတယ်။

ဒါ့အပြင် မုံရွာမြို့၊ နည်းပညာတက္ကသိုလ် (GTC) ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကြောင်းဟာလည်း လယ်ဇင်၊ သက်ယင်းရွာတွေကတဆင့် လက်ရှိမှာ ပုလ္လင်ရွာ အနောက်ဘက်အထိ ရောက်ရှိနေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

AA ၏ စစ်တွေမြို့သိမ်းတိုက်ပွဲ ပိုမိုပြင်းထန်လာ

စစ်တွေမြိုသိမ်းတိုက်ပွဲ စတင်ဆင်နွှဲနေတဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ စစ်တွေမြို့အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲများ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းရဲ့ ပြည်သူတွေကို ကူညီပြီး ကောက်စိုက်ခဲ့တဲ့ ပုံရိပ်များ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်းက ပြည်သူတွေကို ကူညီပြီး ကောက်စိုက်ခဲ့တဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဟွန်ဒီလုပ်ကိုင်သူတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိလာလို့ ဒေါ်လာစျေးပြန်ကျ

တရားမဝင်ငွေလွှဲပြောင်းခြင်း (ဟွန်ဒီ) လုပ်ငန်း လုပ်ကိုင်ကြောင်း ကျော်ဇောသူတွေရဲ့ ဘဏ်စာရင်းတွေကို စိစစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြီးတဲ့နောက် ပြည်တွင်းစျေးကွက်မှာ ဒေါ်လာ စျေး အနည်းငယ် ကျဆင်းလာတယ်လို့ စျေးကွက်ထဲကနေ စုံစမ်းသိရှိရပါတယ်။
Read More

စျေးသည်တွေကို ဖိနှိပ်ဆက်ဆံတဲ့ တာမွေစည်ပင်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းတွေ ထိခိုက်သွားကြောင်း သိရပါတယ်​။
Read More

ကော့သောင်းတွင် WY စိတ်ကြွမှုးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသူ ၆ ဦးအား ပကဖ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ WY စိတ်ကြွမူးယစ်ဆေးပြား အပါအဝင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေသူ ၆ ယောက်ကို သက်သေခံပစ္စည်းတွေနဲ့ အတူဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။
Read More

“ဗိုလ်ချုပ်မျှော်မှန်း ဖက်ဒရယ်လမ်းသို့ “ မြေပြင်လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

“ဗိုလ်ချုပ်မျှော်မှန်း ဖက်ဒရယ်လမ်းသို့”ခေါင်းစဉ်နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အပါအဝင် မြေပြင်လူထုသပိတ်တိုက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။