အကြမ်းဖက် စစ်အုပ်စုက မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မရဲစခန်းထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံး‌သူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက်၊ ဒီနေ့နေ့လယ် ၁ နာရီလောက်မှာ ကမ္မမြို့‌ပေါ်ရဲစခန်းမှာ ရောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေက ၆၀ မမ လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲသွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ ၄င်း၏ဇနီးဖြစ်သူ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

“ကမ္မမြို့ပေါ်ရဲစခန်းကနေ ပစ်တာ၊ ရပ်ကွက်ထဲကအိမ်ကိုကျတာ၊ သေဆုံးသွားတဲ့သူတွေက လင်မယား ၂ ယောက်လို့သိရတယ်၊ သေတဲ့သူက အမျိုးသား… ဒဏ်ရာရသူက သူ့ရဲ့ဇနီးလို့သိရတယ်၊ သူ့မိန်းမလည်း ဒဏ်ရာပြင်းထန်တယ်လို့ကြားတယ်” လို့ ကမ္မဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

လက်နက်ကြီး နဲ့ပစ်ခတ်ပြီနောက် စစ်ကော်မရှင်တပ်သားတွေဟာ ကမ္မစျေးဘက်ခြမ်းက ရပ်ကွက်ထဲရှိနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ မီးလောင်သွားတဲ့ နေအိမ်အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

အခုလို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံအပါအဝင် အနီးနားကကျေးရွာ ၅ ရွာထက်မနည်း နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ပခုက္ကူတပ်မ(၁၀၁)ကနေ အင်အား ၁၀၀ ကျော် နဲ့ ထွက်ခွာလာတာဖြစ်ပြီးပြီး၊ မြိုင်နယ်၊ ပခုက္ကူနယ်‌တလျှောက်ကို လှည့်လည်စစ်ကြောင်းထိုးနေပြီး၊ ဒေသခံ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေကို ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

NUG အစိုးရက ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့တယ်လို့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကြောင်းနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ အနီးကပ်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ၉ ဦး သေပြီး ၁၀ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အင်အားဖြည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ၉ ယောက် သေကာ အများအပြားထိခိုက်သွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA ပြန်လွှတ်ပေး…

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ယောက်ကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းစစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းဂိတ်ကို ဒရုန်းတွေနဲ့ သွားရောက် ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ခလရ ၂၆၉ မှ စစ်သား ၂ ဦး PDF Zoland ထံ လက်နက်နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၂ ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။