မကွေးတိုင်း၊ စလင်းမြို့မ ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း ထံက သိရပါတယ်။

ဒီဇင်ဘာ ၆ ရက် မနေ့ နေ့လယ် ၂နာရီခွဲကျော်လောက်မှာ စလင်းရဲစခန်းက အင်အား ၂၀ ဝန်းကျင်ရှိ စစ်အုပ်စုဟာ စလင်းမြို့အထွက် စိမ်းစိုဂိတ် ကင်းစခန်းကို ဆိုင်ကယ် ၄စီး၊ ကား ၁စီးနဲ့ ကင်းပတ်ထွက်လာချိန် စိမ်းစိုဂိတ်နဲ့ စလင်းမြို့မရဲစခန်းကြား၊ မီးရထားလမ်းပိုင်းအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက် အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က မြင်တင်ရပ်ကွက်က ရဲတပ်သား အောင်ညီညီနဲ့ ဖောင်လင်းနယ်ထိန်း မင်းခန့်တို့အပါအဝင် ၄ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ကင်းပတ်နေကျမို့ မိုင်းဆွဲတိုက်ခိုက်ဖို့ စောင့်နေတာပါ။ သေဆုံးတော့ အတိအကျ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာ ၄ယောက်ကတော့ အခြေအနေဆိုးတယ်။ သူတို့က ကင်းပတ်ပြီး ပေါ်တာဆွဲလေ့ရှိတယ်။ လတ်တလော စိမ်းစိုရုံးနဲ့ စလင်းစခန်း အသွားအလာရှုပ်နေတယ်” လို့ စလင်း ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်အုပ်စုက စလင်းမြို့မရဲစခန်းထဲကို ပြန်လည်ဆုတ်ခွာသွားပြီး စစ်အုပ်စုထံက G3 ကျည်ဘောက် ၂ခု၊ လက်ပစ်ဗုံး ၂လုံးနဲ့ ကျည် ၃၀ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ရက်နေ့တုန်းကလည်း စလင်းနဲ့ ဆင်ဖြူကျွန်းမြို့မှာ ပြည်သူတွေကို ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို စလင်း ပကဖ က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

စစ်အာဏာရှင်တွေဟာ ဘာသာရေးကို အသုံးချပြီး အာဏာသက်ဆိုးရှည်အောင်လုပ်ဆောင်နေတယ်လို့ ဒေါ်ဇင်မာအောင်က ပြော

မြန်မာပြည်က အာဏာသိမ်းစစ်တပ် အပါအဝင် စစ်အာဏာရှင်တွေဟာ ဘာသာရေးကို အသုံးချပြီး ၎င်းတို့ရဲ့ အာဏာသက်ဆိုးရှည်အောင်လုပ်ဆောင်လျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
Read More

မုံရွာမြို့ပေါ် ပြန်ပေးဆွဲမှုဖြစ်ပွား၊ ဖမ်းဆီးသွားသည့်အဖွဲ့ သိန်း တစ်သောင်းဖြင့် ပြန်ရွေးခိုင်းဟု ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးသွားတဲ့အဖွဲ့က သိန်းတစ်သောင်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ရေဦးမြို့တွင် တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်နေစဉ် စာသင်ကျောင်းနှင့် ဆေးရုံများကို အကြမ်းဖက်စစ်တပ်မှ ဗုံးကြဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်နေတဲ့အချိန်မှာပဲ အနီးပတ်ဝန်းကျင် ကျေးရွာတွေက စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ တိုက်နယ်ဆေးရုံတွေကို  အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

၂ နှစ်ကျော်သည်အထိ စစ်ဘေးရှောင်နေရသည့် ကျေးရွာကို စစ်တပ်က စက်တပ်လေးထီးနှင့် လာရောက်ပစ်ခတ်

"တိုက်ပွဲဖြစ်တဲ့ဟာတော့ ဒီနေ့မရှိပါဘူးဗျ၊ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကတော့ ဆော့ဒုံးပစ်ခတ်တာတွေတော့ရှိတယ်၊ ပစ်တာကလည်း ဒီရွာက ပစ်တယ်လို့မဆိုလိုဘူး၊ သူတို့ဝန်းကျင်က ပစ်တာဆိုတော့ သူတို့ထင်တဲ့နေရာကို ပါရာမော်တာ နဲ့ ၁၂၀ မမ ၂ လုံး ၄ လုံး နဲ့ ချသွားတာ ၂ လုံးကတော့ အိမ်ထဲမှာကျတယ်၊ ၂ လုံးကတော့ စာသင်ကျောင်းရဲ့ အနောက်ဘက်ယာခင်းထဲမှာ ကျတယ်" လို့ ဘုတလင်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဒုတပ်ကြပ်တစ်ဦး KPLA ထံ လက်နက်နဲ့ အလင်းဝင်

မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ တပ်ရင်း ၉၄၂၅ (KPLA -B 9425) က ထုတ်ပြန်ထားပါတယ်။
Read More

ကနီ ချောင်းမကျေးရွာ တိုက်ပွဲအတွင်း စစ်အုပ်စု အလောင်း ၃ လောင်း၊ သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာက တပ်မ (၃၃) လက်အောက်ခံ၊ ခမရ (၁၆) ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က ၃ယောက်သေဆုံးပြီး စစ်သုံ့ပန်း ၄ ယောက်နဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။