စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်နေတဲ့အချိန်မှာပဲ အနီးပတ်ဝန်းကျင် ကျေးရွာတွေက စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ တိုက်နယ်ဆေးရုံတွေကို  အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်၊ည ၁၀ နာရီ ၅၀ မိနစ်အချိန်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ ရေဦးနယ် အရှေ့မြောက်ဘက်ခြမ်းက လေးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက် ခဲ့သလို ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်၊ မနက်အစောပိုင်း ၄ နာရီအချိန်မှာလည်း ရေဦးနယ်အနောက်ခြမ်း ကွမ်းအုံရွာ တိုက်နယ်ဆေးရုံနဲ့ ဘုန်းကြီးကျောင်းအနီးကို ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်း ၁၁ နာရီ ဝန်းကျင်အချိန်မှာလည်း ရေဦးနယ်မြောက်ဘက်ခြမ်း ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းက (၃) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်လို့ မဟုတ်ဘူး၊ မြို့ပေါ် မှာ တရားမဝင်ရွေးကောက်ပွဲလုပ်နေလို့ အနီးဝန်းကျင်ရွာတွေကို ဗုံးကြဲနေတာ။  စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံဆေးခန်းတွေကို အကြောင်းမဲ့သက်သက် ဗုံးပတ်ကြဲနေတာပါ” လို့ ရေဦးမြို့နယ် အနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။

၂၀၂၅၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ရေဦးနယ်အနောက်ခြမ်းက တမာတောရွာ တိုက်နယ်ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရေဦးမြို့နယ်နဲ့ အနီးဝန်းကျင်က ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ကိုထူးခန့်ဇော်က ဆက်လက်ပြီး “စစ်ကော်မရှင်ကို ပြောချင်တာက၊ တရားမဝင်ရွေးကောက်ပွဲ လုပ်နေတဲ့အပြင် စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံဆေးခန်းတွေကို ဗုံးပတ်ကြဲနေတာတွေဟာ ကြီးလေးတဲ့ စစ်ရာဇဝတ်မှု မြောက်ပါတယ်။  လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်နေတာတွေကို အပြင်းအထန် ကန့်ကွက်ရှုချသလို  နိုင်ငံတကာကိုလဲ သိစေချင် ပါတယ်“ လို့ ဆက်ပြော ပါတယ်။

လက်ရှိအချိန်အထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မောင်း ကဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ကွမ်းအုံရွာက တိုက်နယ်ဆေးရုံနဲ့ ဘုန်းကြီးကျောင်းလေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်မှာတော့ ဘုန်းကြီးကျောင်း အဆောက်အအုံတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ကနဦး သိရပါတယ်။

၂၀၂၅၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ရေဦးနယ်အနောက်ခြမ်းက တမာတောရွာ တိုက်နယ်ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်
0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်အတွင်း တိုက်ပွဲမှာ Earthqauke People’s Defence Force တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Earthqauke People's Defence Force က အားထားရတဲ့ တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့ရကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) တွင် ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၊ ဗျူဟာ(၂) ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) မှ ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးခရိုင် PDF အမှတ် (၂) တပ်ရင်းဆီ စစ်ကောင်စီ၏ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းက စစ်မှုထမ်းဆင်း စစ်သားသစ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန်ဘလူတွင် ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၂ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး လူ ၈၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ အောက်တိုဘာလ ၁ လအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သား အယောက် ၈၀ နီးပါးကို ပြန်ပေးဆွဲဖမ်းဆီးခဲံပြီး၊ အမျိုးသမီး ၂ယောက်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများ -ကန့်ဘလူခရိုင်ထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်၊ ထန်းတပင်ရွာနေအရပ်သား ၂၉ ယောက်၊ ဇီးကုန်းရွာက ၁၈ ယောက် နဲ့ ဗျူဟာလမ်းကြောပေါ်သွားလာနေတဲ့ အရပ်သားအယောက် ၃၀ ထက်မနည်းကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
Read More

သရက်တွင် ပြည်သူပိုင်ပစ္စည်းခိုးသည့် စစ်ကြောင်းနှင့် ပစ္စည်းလာပို့သည့် စစ်ကားတန်း တစ်နေ့တည်း တိုက်ခိုက်ခံရ၊ အရာရှိနှင့် စစ်မေ​၊ ရဲများအပါ ၁၉ ဦး သေဆုံး

မကွေးတိုင်း၊ သရက်​မြို့နယ်မှာ ပြည်သူပိုင်ပစ္စည်းတွေ ကားနဲ့တိုက်ယူနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ကပစ လုပ်ငန်းသုံးပစ္စည်းတွေ တင်လာတဲ့ စစ်ကားတန်းကို တစ်နေ့တည်း ကြားဖြတ်တိုက်ခိုက်ရာ အရာရှိနဲ့ စစ်မေတွေအပါ ၁၉ ယောက် သေဆုံးခဲ့တယ်လို့ United States Of Burma Army - USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေမှာ စစ်တပ် eVTOL ဒရုန်း ၁ စီးကို ဖြူး ပကဖ က သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေမှာ အကြမ်းဖက် စစ်တပ်ရဲ့ eVTOL ဒရုန်း ၁ စီးကို ဒီဇင်ဘာ ၂၂ ရက်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။