ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာမှာ ဒုရဲအုပ် အပါအဝင် ၅ ယောက် သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့ကြောင်း သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုထံက သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၈နာရီခွဲလောက်မှာ GBK ဆေးရုံအနီး သဲကုန်းလေးကျီစုရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ရှောင်တခင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဘက်က ဒုရဲအုပ် ကျော်ဇင်ထွန်းနဲ့ စစ်ကော်မရှင်တပ်သား ၄ယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးကာ နောက်ထပ် တပ်သား ၂ ယောက်လည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနက် ၉ နာရီခွဲလောက်မှာ စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ ၁ယောက်လည်း ကျဆုံးသွားခဲ့ပါတယ်။

“အဲဒီဂိတ်ဖွင့်ထားတာ ၂၀၂၁ ကတည်းက ဆိုပါတော့။ အဲဒီဂိတ်မှာ စခနဲ့ ရဲ ၁၅ ယောက်လောက်တော့ အမြဲရှိတယ်ဗျ။ ပစ်ခတ်မှုမှာ ‌ေ-ွးတွေဘက်က ကျတာကို မျက်မြင် ၅ယောက်ဗျ။ ၂ယောက်ကတော့ အရေးပေါ် ဆေးရုံတင်ထားရတယ် ကြားတယ်ဗျ။ ကျနော်တို့ဘက်က ယာဥ်မောင်းရဲဘော်တစ်ယောက်တော့ ကျတယ်ဗျ။ တခြားရဲဘော်တွေကတော့ ထိခိုက်တာ မရှိပါဘူး” လို့ သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ထံက MA13 ၁ လက်၊ G3 ၁ လက်၊ G4 ၁ လက်၊ G3ကျည် ၄၀ တောင့်၊ MA13 ကျည် ၂၀ တောင့်၊ ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၃ လုံးနဲ့ လက်ထိပ် ၁ ခုတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ ထောက်တိုင်တွေကိုပါ အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့လည်း အဆိုပါ တပ်ဖွဲ့တွေအနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြဖို့ အသိပေးထားပါသေးတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း စစ်ကောင်စီတပ်ကို ၁၈ ကြိမ်ခန့် တိုက်ခိုက်၊ အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရ… ဘီးလင်းက မဲပလီဗျူဟာစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို ၁၈ ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာ အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက် လက်နက်နဲ့တကွ မြိုင် ပကဖ ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ မြိုင်-ပကဖ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အရာရှိ ၂၂ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်း၀ရမ်းထုတ်

အာဂျင်တီးနားနိုင်ငံတရားရုံးက အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ မြန်မာစစ်တပ်က ထိပ်တန်းအရာရှိ ၂၁ ယောက်ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ - BROUK က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

လွိုင်ကော်မှာ စစ်ကောင်စီရဲ့ ခလရ ၈၀ တပ်ရင်းစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၆ ယောက်ထက်မနည်း သေဆုံး၊ စစ်သုံ့ပန်း ၅ ယောက်အပါအဝင် သေနတ် ၂၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိ

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီရဲ့ ခလရ ၈၀ တပ်ရင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ ၁၆ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၅ ယောက်အပါအဝင် သေနတ် ၂၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော် PDF မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် (၃၃)ရက်တာ တိုက်ပွဲဖြစ်ပွား၊ ခလရ(၂၉) ဒုတပ်ရင်းမှူး သိန်းသန်းအပါ ၆၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကာ ၃ ဦး အလင်းဝင်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ (၃၃)ရက်တာ တိုက်ပွဲဖြစ်ပွားမှုအတွင်း ခလရ(၂၉) ဒုတပ်ရင်းမှူး သိန်းသန်းအပါ ၆၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကာ ၃ ယောက် အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။