စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွှေမျှောလုပ်ငန်းနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ မင်းကင်း နွေဦးတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနေ့က နေ့လယ် ၁နာရီခွဲလောက်မှာ စစ်တပ်က ထိတွေ့တိုက်ပွဲမရှိဘဲ လောင်းပြည့်ရွာ မြစ်ကမ်းနားက ရွှေမျှောလုပ်ငန်းကို လေယာဥ်နဲ့အပြင် စက်တပ်လေထီးတွေနဲ့ပါ ၄ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေမျှောလုပ်ငန်းလုပ်ကိုင်သူ ၂ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့သလို ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရတဲ့လူတွေ ရှိနေပါတယ်။

“လောင်းပြည့်အနီးက ရွှေမျှောကို ကြဲတာဗျ။ ကနဦး သိတာက ၂ဦးသေတယ်။ ဆယ်ယောက်ကျော် ဒဏ်ရာရတယ်။ ပျောက်နေတဲ့သူတွေလည်း ရှိတယ်။ လေယာဥ်ပါတယ်။ ပါရာမော်တာ ၃စီးလည်း ပါတယ်။ လာပစ်တာက ၄ ခါ လာပစ်တာ.. ထိတွေ့မှုလည်း မရှိဘဲနဲ့” လို့ မင်းကင်းနွေဦးတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

“တချို့တလေကျတော့လည်း လုံခြုံရေးအတွက် ခဏ ရှောင်တိမ်းကြတာတွေရှိတယ်။ တချို့တလေလည်း မရှောင်တိမ်းကြဘူးပေါ့ဗျာ..” လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ ရွှေမျှောလုပ်ကိုင်နေသူတွေနဲ့ NUG လက်အောက် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖွဲ့ထားတဲ့ သယံဇာတ စောင့်ကြည့်လေ့လာရေးအဖွဲ့တို့ ရွှေလုပ်ကွက်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တာကြောင့် နယ်မြေခံတချို့ရဲ့ ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

“ရွှေလုပ်ကွက်နေရာမှာတော့ ပြဿနာလေးတွေ ရှိနေတာတော့ မငြင်းလိုဘူးပေါ့လေ။ ဒီလုပ်ငန်းကို ရွှေလုပ်ကွက်နဲ့ ပတ်သက်ပြီးတော့ပေါ့.. သယံဇာတ စောင့်ကြည့်လေ့လာရေးအဖွဲ့ဖွဲ့ပြီး သူတို့က ဒါကို စီမံခန့်ခွဲတာဖြစ်တဲ့အတွက် ဒီအဖွဲ့အစည်းတွေနဲ့ နယ်မြေခံ ဒေသခံတွေ၊ ဆန္ဒပြတဲ့လူတွေနဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ မြင်မိတယ်” လို့ အထက်ပါ နယ်မြေခံအဖွဲ့ဝင်က ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၇၀၀ နီးပါး သေဆုံးခဲ့ရ

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်အတွင်း အရပ်သားပြည်သူ ၆၈၀ ကျော် သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။
Read More

ပြည်မှာ လူနာစောင့် အမျိုးသား၂ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့ လာရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်မြို့၊ ကုတင် ၅၀၀ ဆေးရုံမှာ လူနာစောင့်နေတဲ့ အမျိုးသား ၂ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့အတွက် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀…
Read More

စစ်တွေ – ပုဏ္ဏားကျွန်း နယ်အစပ်တိုက်ပွဲတွင်  အေအေ တပ်ရင်းမှူး ၁ ဦး ကျဆုံး

ရခိုင်ပြည် စစ်တွေ - ပုဏ္ဏားကျွန်း နယ်အစပ်တိုက်ပွဲမှာ အာရက္ခတပ်တော် (AA) တပ်ရင်းမှူး ၁ ယောက်ကျဆုံးခဲ့တယ် လို့ ရခိုင်ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
Read More

ရေဖြူတွင် ဖမ်းဆီးခံရသည့် ရဲဘော် အသေးလေး၏ဖုန်းကို သုံးပြီး စစ်အုပ်စု ညစ်ညမ်းစာများ လိုက်ပို့နေ၊ အဆိုပါ ရဲဘော် ကျဆုံးသွားပြီဟု သိရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ရဲ့ ဖုန်းကို အသုံးပြုပြီး စစ်အုပ်စုက လူမှုကွန်ရက်ကတဆင့် ညစ်ညမ်းစာတွေ လိုက်ပို့နေတယ်လို့ တော်လှန်ရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

မောင်တော၊ အမ်းနဲ့ ဂွက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ခိုက်တော့မယ်လို့ AA ထုတ်ပြန်

မောင်တော နခခ (၅)အပါအဝင်ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်ပြီး ထိုးစစ်ကို အရှိန်မြှင့်တော့မယ်လို့ အာရက္ခတပ်တော် AA က စက်တင်ဘာ ၂၇ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီတိုင်းအတွင်း ဇွန်လမှ ယနေ့အထိ စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၂၇ ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

တနင်္သာရီတိုင်းမှာ ဇွန်လကနေ ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၂၇ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။