‘ကျွန်တော့မေမေ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မြောက်စေရန်၊ ပြည်သူများကို ကာကွယ်ပေးရန် (ဖိနှိပ်သူများအားမဟုတ်ပဲ) အကျိုးသက်ရောက်သော ပြုပြင်ပြောင်းလဲမှုများကို အတူတကွ ဆောင်ရွက်ရန် တောင်းဆိုချင်ပါတယ်”လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များထံ ကိုထိန်လင်းက တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အကြမ်းဖက်မှု (သို့မဟုတ်) အတုအယောင် ရွေးကောက်ပွဲများနဲ့ မဖြေရှင်းနိုင်ကြောင်း ထပ်မံအတည်ပြုပေးခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း ကျေးဇူး တင်တယ်လို့ ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေက မြန်မာစစ်တပ်ကို တောင်းဆိုထားတဲ့ အချက် ၅ ချက်ကိုလည်း ဆက် လက်အတည်ပြုပေးတဲ့အတွက် စစ်အာဏာရှင်ဖိနှိပ်မှုအောက်မှာ နေထိုင်နေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် မျှော်လင့်ချက်တစ်ရပ်ဖြစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အမှန်တကယ်စစ်မှန်တဲ့ ညီညွတ်မှု၊ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာ အပေါ် ရပ်တည်တဲ့ အသိုက်အဝန်းတစ်ခု ဖြစ်လာမယ်လို့လည်း မျှော်လင့်ကြောင်း ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။

Video-Kim Aris – Htein Lin
0 Shares:
You May Also Like
Read More

စစ်ကောင်စီကို နိုင်ငံတကာ အရေးယူပေးဖို့ တောင်းဆိုမှုဟာ မျက်ကွယ်ပြုခံနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

စစ်ရာဇ၀တ်မှုတွေ ဆိုးရွားစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုနေမှုကို နိုင်ငံတကာက မျက်ကွယ်ပြုနေဆဲဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောကြားလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘုရင်လို့သုံးနှုန်းပြီး လက်နက်စကြာရှင် ပူတင်နှင့် တွေ့ဆုံမှုဟာ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်အရ ဖြစ်သည်ဟု ပြောဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယား၏ အကူအညီ အကြမ်းဖက်စစ်အုပ်စု လက်ထဲ ပေးမည်မဟုတ်ဟု ကိုရီးယား လွှတ်တော်အမတ်များ မြန်မာ့အရေး ကြားနာပွဲမှာ ပြောဆို

တောင်ကိုရီးယားနိုင်ငံရဲ့ လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ကြားနာပွဲမှာ တောင်ကိုရီးယား လွှတ်တော်အမတ်တွေက လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယားရဲ့ အကူအညီတွေကို အကြမ်းဖက်စစ်အုပ်စု လက်ထဲ ပေးမှာမဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

တရားမဝင် မြန်မာအာဏာသိမ်းမှု ၅ နှစ်ပြည့်မှာ ယူကေနှင့် သြစတြေးလျတို့က မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်၊ စစ်တပ်၏ အကြမ်းဖက်မှုများကို ရှုတ်ချပြီး၊ ၎င်းတို့၏ ရွေးကောက်ပွဲသည် လွတ်လပ်မှုမရှိသလို တရားမဝင်ဟုလည်း ဆို

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းယူခဲ့တာ ၅ နှစ်ပြည့်မြောက်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သြစတြေးလျနဲ့ ယူကေနိုင်ငံတို့က မြန်မာပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ 
Read More

နိုင်ငံတကာဖိအားများကြောင့် မတတ်သာတော့ဘဲ မြန်မာစစ်အုပ်စု ကျားဖြန့်နှိမ်နင်း‌ရေးကို အလျင်စလို လုပ်ဆောင်ခဲ့ရ

ပြီးခဲ့တဲ့အပတ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ရဲ့ဘားအံမြို့ခရီးစဉ် နောက်တရက်မှာ စစ်တပ်အရာရှိတွေက သြဇာကြီးမားတဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တခုက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်က တိုးချဲ့လာနေတဲ့ ငွေလိမ်ဂိုဏ်းတွေကို ချက်ချင်း နှိမ်နင်းဖို့ အမိန့်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။ နယ်စပ်တလျှောက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ မြန်မာနဲ့ ကမ္ဘောဒီးယားအပါအဝင် အရှေ့တောင်အာရှက ရာဇဝတ်ဂိုဏ်းကွန်ရက်တွေရဲ့ တစိတ်တပိုင်းဖြစ်ပြီး လူကုန်ကူးခံရသူတွေကို အသုံးချပြီး ကမ္ဘာတဝန်းကလူတွေကို လိမ်လည်ကာ နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာ ဝင်ငွေရရှိနေပါတယ်။
Read More

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမယ်လို့ ဘယ်သူမှ ယုံမှာမဟုတ်ဘူးဟု ထင်မြင်ကြောင်း ကုလအကြီးအကဲ ဆို

မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် စစ်အုပ်စု ရွေးကောက်ပွဲရဲ့ မျှတမှုအပေါ် သံသယရှိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာလ ၂၇ ရက် တနင်္လာနေ့မှာ ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ပါတယ်။