ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်​ကျေးရွာမှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာပြီး ဆုတ်ခွာသွားရတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲငယ်တွေဆက်ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ရက်နေ့က အင်အား ၆၀ နီးပါးနဲ့ အထိုင်ချတပ်စွဲထားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာက စစ်အုပ်စု စခန်းတွေကို နေပြည်တော်တိုင်းစစ်ဌာန ရဲ့ PDF တပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်အုပ်စုတွေ အထိနာပြီး ဆုတ်ခွာထွက်ပြေးခဲ့ကြပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ဖမ်းဆီးခံရချိန် ပြန်လည်ခုခံတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်က ဒုတိယဗိုလ်မှူးကြီး တစ်ဖြစ်လဲ အကြမ်းဖက် တပ်ရင်းမှူး ညီညီနိုင်နဲ့  စစ်သား၁၄ယောက်သေဆုံးပြီး စစ်သုံ့ပန်း၂ယောက် ဖမ်းမိကာ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြားကပဲ ပိတ်မိနေတဲ့ ကျေးရွာနေ အရပ်သားတွေကို တိုက်ပွဲလွတ်ရာ နေရာ​ဆီ PDF တပ်ဖွဲ့ဝင်တွေ ကယ်ထုတ်ပေးခဲ့ရပါတယ်။

အဲ့ဒီနောက် အောက်တိုဘာ ၂၁ နဲ့ ၂၂ရက်နေ့တွေမှာ  စစ်အုပ်စုက စစ်တောင်းမြစ်အနောက်ကမ်းတလျှောက် အင်အား​တွေဖြည့်တင်းရင်း လေကြောင်းကနေပါ စက်တပ်လေထီးနဲ့ ဗုံးတွေကြဲချခဲ့သလို ကင်းထောက်ဖို့ ပြန်လည်တိုးဝင်လာတာမျိုးတွေရှိတဲ့အတွက် တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် သုံ့ပန် ၂ ဦးနှင့်အတူ တွေ့ရသည့်လက်နက်ခဲယမ်းများ

“မြစ်အနောက်ဘက်ကမ်းမှာ တပ်ပေါင်းစုကနေအင်အားဖြည့်ပြီး ပြင်ဆင်စုဖွဲ့နေတဲ့ သဘောရှိတယ်။ ဒါပေမယ့် စစ်ကြောင်းကြီး ထိုးလာတာမျိုးတော့ မရှိသေးဘူး။ သတင်းထောက်ဖို့ တက်လာတဲ့ စခကင်းထောက်တွေနဲ့ တိုက်ပွဲငယ်တွေကတော့ ရှိတယ်။ အလုံးအရင်းနဲ့တော့ မတက်သေးပါဘူး။” လို့  မြေပြင်အခြေအနေ သိရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။

စစ်အုပ်စုဟာ ရွာသစ်ကျေးရွာအပါအဝင် ကျေးရွာတွေပေါ် စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းတွေအပါအဝင် အရပ်သားနေအိမ်တွေလည်း ထိခိုက်ပျက်စီးနေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ထပ်မံသိမ်းပိုက်ရရှိတဲ့မြို့တွေကို အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်နိုင်ဖို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့အဖွဲ့ လူထုကို သွားရောက်တွေ့

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

ယင်းမာပင်ခရိုင် ပကဖ ရဲဘော်တွေရဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်များ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့် ဗုဒ္ဓအခါသမယနေ့မှာ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေရဲ့ ဆီမီးပူဇော်ကုသိုလ်ယူနေတဲ့ ပုံရိပ်တွေကို ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက ဒုတပ်ခွဲမှူးနှင့် တပ်စိတ်မှူး ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံး

96 Soldiers PDF - တောင်ပိုင်းတိုင်းစစ်ဒေသက ဒုတပ်ခွဲမှူးနဲ့ တပ်စိတ်မှူးတို့ဟာ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ (၃) နှစ်ပြည့်အခမ်းအနား

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) တည်ထောင်ခြင်း ( ၃ ) နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)၊ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၂ က ရဲဘော်တွေဟာ ရှေ့တန်းစခန်း တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့အနောက်ပိုင်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု ၁၃ ဦးသေပြီး ၂၀ ဝန်းကျင်ဒဏ်ရာရ…

"လေယာဉ်အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ပညာပေးသတိပေးတာတွေတော့ ရှိတာပေါ့၊ လေယာဉ်လာတဲ့အချိန်က သတိပေးတာမျိုးတော့မရှိဘူး၊ လေယာဉ်ကအသံကြားတာ နဲ့ ကြဲပြီးသားဖြစ်သွားတာ၊ TNLA က လမ်းပြင်ဖို့ ဆိုပြီးတော့မှ မြို့ ၊ အဝင်အထွက်လမ်းတွေကို ပြင်ဖို့ကို ပိတ်ထားတာ ကားတွေကတော့ သွားလို့မရဘူး" လို့ ဆိုပါတယ်။
Read More

ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်မှာ စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ နေအိမ်များ ပျက်စီး…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်နဲ့ PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးတွေ တိုက်ခိုက်ရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။