တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ပုလောမြို့နယ် (လယ်မူလားမြို့နယ်) မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား ၄ယောက် KNLA တပ်မဟာ (၄)၊ KNDO တပ်ရင်း (၇) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၅ရက်နေ့မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ် တိုင်းဗဟိုအမှတ် (၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်ဖွဲ့ဝင် တပ်သားသစ် ၃ယောက်၊ အောက်တိုဘာ ၈ရက်နေ့မှာ ၁ယောက်၊ စုစုပေါင်း ၄ယောက် အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ၄ယောက်လုံးဟာ စစ်တပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းခြင်းခံရကာ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတာကြောင့် လေ့ကျင့်ရေးသင်တန်းကနေ ထွက်ပြေးပြီး လက်နက်မဲ့ ဘက်ပြောင်းခိုလှုံလာတာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် မတရား စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ ရရာနည်းလမ်းနဲ့ လက်နက်ချ ပူးပေါင်းအလင်းဝင်ကြဖို့လည်း ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်းထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄)၊ KNDO တပ်ရင်း (၇) ထံ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားများ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄)၊ KNDO တပ်ရင်း (၇) ထံ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သား
0 Shares:
You May Also Like
Read More

မြွေနှစ်ရဲ့ ကိုယ်စားပြုမှုဟာ နွေဦးတော်လှန်ရေးရဲ့ လက္ခဏာတွေကို ထင်ဟပ်နေတယ်လို့ NUG ယာယီသမ္မတ တရုတ်နှစ်ကူးဆုတောင်းမှာ ထည့်သွင်းပြောကြား

ဇန်နဝါရီ ၂၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ မြွေနှစ်ကိုကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ထပ်မံသိမ်းပိုက်ရရှိတဲ့မြို့တွေကို အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်နိုင်ဖို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့အဖွဲ့ လူထုကို သွားရောက်တွေ့

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

စစ်မှုထမ်းရမည့်သူများအပါအဝင် ရခိုင်ပြည်နယ်ပြင်ပ ထွက်ခွာရန် ကြိုးစားအားထုတ်‌နေသူများကို AA စည်းကမ်းချက် (၄) ချက်ဖြင့် တားမြစ်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အနေနဲ့ ရခိုင်ပြည်ကနေ ပြင်ပကို ထွက်ခွာဖို့ ကြိုးစားအားထုတ်‌နေကြတဲ့သူတွေအတွက် တားမြစ်တဲ့အချက် (၄) ချက်ပါ စည်ကမ်းချက်တွေကို မေလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်း ဦးစီးမှုနှင့် လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) အမှတ် (၉၄၂၀) တပ်ရင်းက ဦးစီးကာ 'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်နဲ့ လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်တွင် စစ်ကောင်စီ၏ တိုက်ကင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ တိုက်တင်းကို ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကျိုက်ထိုနဲ့ ဘီးလင်းမှာ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ကျေးရွာတွေကို တိုက်ခိုက်

ကျိုက်ထိုနဲ့ ဘီးလင်းမှာ  စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။