ကချင်ပြည်နယ်၊ ဖားကန့်မှာ KIA/KPDF တပ်တွေနဲ့ SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ၂ ဖက် အပြန်အလှန် ထိခိုက်မှုတွေရှိတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၁ရက်နေ့က ဖားကန့်မြို့၊ နမ့်မဖြစ်ကျေးရွာအုပ်စု၊ မလန်းကျေးရွာအနီး ကျောက်စိမ်းတောင်ရွာသစ်မှာ KIA/KPDF နဲ့ SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပစ်ခတ်မှုတွေအတွင်း SNA ဘက်က အများအပြား သေဆုံးခဲ့သလို အလောင်းတွေကို အခုချိန်ထိ ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

“တိုက်ပွဲက ဆိုင်နေကြတုန်းပါ၊ စကစဘက်ကနေ ခဏခဏကျတယ်၊ လေကြောင်းနဲ့ လာတိုက်တာ ၂ ကြိမ်မှာ ဗုံး ၁၅ လုံးလောက် ချသွားတယ်၊ တိုက်ပွဲဖြစ်နေတဲ့အနေအထားတော့ရှိတယ်၊ ဒီအပေါ်မှာ ၂ ဖက် အကျအဆုံးရှိတယ်လို့ အစ်ကိုတို့သိထားတယ်။ ဘယ်လောက်ထိ ထိခိုက်သေဆုံးအနေအထားရှိလဲ ဆိုတာတော့ သေချာမသိရသေးဘူး” လို့ စစ်ရေးအကြောင်း သိရှိတဲ့ နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဖမ်းဆီးရမိသည့် SNA စနိုက်ပါတပ်သား

အလားတူ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း SNA ပူးပေါင်းတပ်ဖွဲ့ဘက်က စနိုက်ပါသမားတစ်ယောက်နဲ့ တပ်သားတစ်ယောက်ကို မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိခဲ့သေးတယ်လို့ ဆိုပါတယ်။

“ဖမ်းခံရတာက မနေ့ကလို့ပြောတယ်၊ မြေပြင်က စစ်ရေးအရ အတိအကျ မပြောလာသေးဘူး၊ ဘယ်လိုဖမ်းမိလဲဆိုတာတော့ အတိအကျမသိရသေးဘူး” လို့ နောက်ထပ် ဖားကန့်နယ်မြေခံတစ်ယောက်က ပြောပါတယ်။

အခုလို ဖားကန့်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဆိပ်မူကျေးရွာ၊ မလန်းကျေးရွာ အစရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၆ရက်ကစလို့ ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာဘက်ခြမ်းကနေ မလန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ SNA စစ်ကော်မရှင်တပ်တွေနဲ့ KIA/KPDF ပူးပေါင်းတပ်တို့ ထပ်မံထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကလာတဲ့ တရုတ်လူမျိုးတွေ စီးပွါးရေးချဲ့ထွင်မှုကြောင့် မြို့ခံတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်လာနေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံကနေ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ လာရောက်နေထိုင်ပြီး စီးပွားရေးချဲ့ထွင်နေတာကြောင့် မြို့ခံတွေရဲ့ လူမှု၊စီးပွားဘဝ ထိခိုက်လာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထော်သာရွာ (ပျူ) စခန်းအား သိမ်းပိုက်မှု ၁၉၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိ၊ လက်နက်ငယ်မျိုးစုံ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ပျူခေါင်းဆောင် အဲပန် ဦးစီးတဲ့ အကြမ်းဖက်စစ်တပ် အခြေချနေထိုင်တဲ့ ထော်သာရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ဝန်ကြီး ဒေါက်တာဆာဆာနဲ့ အမေရိကန်ရောက် မြန်မာမိသားစုဝင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်ပြည် ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယားမှာ ပြည်ပရောက်မြန်မာတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
Read More

ကလေးဝမြို့နယ် ပကဖ ထံ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ကို ဆက်သွယ်ပြီး စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ကလေးဝမြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မလက်တိုမှာ ပြည်သူ့စစ်သင်တန်းအတွက် လူစုတာ လူမစုံလို့ အစည်းအဝေးပျက်ခဲ့

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှု ၈ လနီးပါး ကြာမြင့်ပြီးနောက် ဧပြီလ ၇ ရက် မနေ့ က ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။