‘သမီးဆိုး’ လို့ လူသိများတဲ့ အွန်လိုင်းဆယ်လီ သက်ကိုကိုဟာ အောက်တိုဘာ ၁၂ရက် ဒီနေ့လယ်ပိုင်းက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် တချို့ဆီက သိရပါတယ်။

သူဟာ အမေရိကန်နိုင်ငံမှာ နေထိုင်သူဖြစ်ပြီး သိပ်မကြာခင် ရက်ပိုင်းက မြန်မာနိုင်ငံကို ပြန်ရောက်လာချိန်မှာ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

သက်ကိုကိုဟာ အွန်လိုင်းမှာ လူသိများသူ အေသင်ကို ဆိုတဲ့ အမျိုးသမီးနဲ့ ပြဿနာဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။ သက်ကိုကိုဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဇနီး ကြူကြူလှနဲ့ စစ်အရာရှိတွေရဲ့ ပုံရိပ်ကျဆင်းအောင် ရေးသားပြောဆိုမှုတွေရှိတယ်ဆိုပြီး အေသင်ကိုက တိုင်ကြားထားတယ်ဆိုတဲ့ စာတစ်စောင်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။

အဆိုပါ တိုင်ကြားစာထဲမှာ အကြောင်းအရာအနေနဲ့ “တပ်မတော်၏ အကြီးအကဲဖြစ်သည့် ကာချုပ်ကတော် အမေ ကြူကြူလှအပါအဝင် တပ်မတော်အရာရှိများ၏ ပုံရိပ်သိက္ခာကျဆင်းစေရန်နှင့် အကြမ်းဖက်အားပေး post များကို Thet koko ခေါ် Shwe Thet အမည်ရှိ Facebook လူမှုကွန်ယက်တွင် live လွှင့်၍လည်းကောင်း၊ စာများဖြင့်လည်းကောင်း ရေးသားပြောဆိုခဲ့သော သက်ကိုကို (ခေါ်) သမီးဆိုးအား ထိရောက်စွာ အရေးယူပေးပါရန် မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် တိုင်ကြားခြင်း” လို့ ရေးသားထားတာ တွေ့ရပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းမှာလည်း အေသင်ကိုရဲ့ လူမှုကွန်ရက်အကောင့်မှာ “၅-၁၀-၂၀၂၅ နေ့တွင် မြန်မာနိုင်ငံ တည်ဆဲဥပဒေနှင့်အညီ တရားဝင် အမှုတစ်ခု ဖွင့်ခဲ့ပြီး လုပ်ငန်းစဥ်အားလုံးကို ဥပဒေနှင့်အညီ တရားဝင်သာ အဆင့်ဆင့် လုပ်ဆောင်ထားသည့်အတွက် သက်ဆိုင်သည့် ဌာနများမှ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသည့် သက်ဆိုင်ရာဌာန အားလုံးအား ကျေးဇူးတင်ပါတယ်ရှင်” လို့ ရေးသားထားပါတယ်။

သမီးဆိုး (ခေါ်) သက်ကိုကို ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်က တစုံတရာ ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ သူ့ကို မင်္ဂလာဒုံရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကနဦး သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေးမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်က စစ်တပ်စခန်းကုန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းကုန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးပြောက်ကျားတပ် - YGF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်း မဲပေါက်ခဲ့သူ လက်နက်နှင့်တကွ အလင်းဝင်လာ

အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေကြောင့် မဲနှိုက်ကာ စစ်ကော်မရှင်တပ်ထဲ ရောက်သွားခဲ့တဲ့ တပ်သား ဖြိုးမင်းစံ ဆိုသူဟာ စက်တင်ဘာ ၉ရက် မနေ့က မနက်ပိုင်းမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ထံ လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။
Read More

လက်နက်ကိုင်လူတစ်စု သတ်ခဲ့တဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနား

လက်နက်ကိုင်လူတစ်စုရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ နာရေးအခမ်းအနားကို ဒီနေ့ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၂ နာရီ၊ ပြင်ဦးလွင်မြို့ ၇ မိုင်သုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) သင်တန်းဆင်းပွဲ…

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် - KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ရက် မနက်ပိုင်းမှာ ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ် ဓါးပြတိုက်မှုမှာ စစ်တပ်ကလက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေ ပါ၀င်နေ

မန္တလေး၊ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို ဓားပြတိုက်သူတွေဟာ စစ်ကောင်စီက လက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေဖြစ်နေပြီး ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

အသက် ၁၄ နှစ်အပါ ညီအစ်ကိုနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပေါ်တာဆွဲခံရလို့ အမေဖြစ်သူ အရူးမီးဝိုင်းဖြစ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ယောက် အပါအဝင် လူငယ်အများအပြားလိုက်ပါလာတဲ့ ကားကို စစ်တပ်ရဲ့ စစ်ဆေးဂိတ်မှာ တားဆီးပြီး ကားပေါ်မှာပါလာတဲ့ လူငယ်တွေအားလုံးကို ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။