ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ စစ်ကော်မရှင်ရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က စစ်ကော်မရှင်က ပြန်လည်တည်ဆောက်နေတဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆင်ရွာဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၇ နဲ့အတူ ပဲခူးခရိုင် ပကဖ လက်နက်ကြီးတပ်ဖွဲ့ ၊ ကဝ လက်နက်ကြီး တပ်ဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ခမရ ၅၉၈ တပ်ရင်းကနေ လတ်တလောကာလအတွင်း လက်နက်မဲ့ အလင်းဝင်လာတဲ့ စစ်မှုထမ်းဆင်း စစ်သားတစ်ယောက်ရဲ့ ပြောပြချက်အရ တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ စနိုက်ပါနဲ့လာပစ်လို့ ဒဏ်ရာပြင်းထန်သေဆုံးသူတွေကို တပ်ရင်းအနီးမှာပဲ မြုပ်လိုက်တာကြောင့် ကြေးနန်းမတက်၊ ပြည်သူမသိရှိ၊ သတင်းအစ မရတာတွေရှိတယ်လို့ ပဲခူးခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။

Video-ပဲခူးခရိုင် ပကဖ

0 Shares:
You May Also Like
Read More

ဒုံးပျံ Local PDF အဖွဲ့ ထုတ်လုပ်ထားသည့် တာဝေးပစ်အမြောက်ဖြင့် စစ်အုပ်စုကို စမ်းသပ်ပစ်ခတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာကို ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက ဒုံးပျံ Local PDF ထုတ်လုပ်ထားတဲ့ တာဝေးပစ်အမြောက်လက်နက် ကြီးနဲ့ စမ်းသပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဇူလိုင် ၁၆ ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားမှာ ကရင် အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ပြောကြားချက် (ရုပ်/သံ)

ဇူလိုင် ၁၆ ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားမှာ ကရင် အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒိုစောဆဲဂေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Read More

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲမှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီး (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ ‌ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းကနေ ညနေပိုင်းထိ  လေကြောင်းကနေ ဗုံး ၄ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ရတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်မြို့နယ် သရက်ကန်ရွာအနီး ကင်းပတ်လာတဲ့ ပျူစောထီး တိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ သရက်ကန်ပျူစောထီးရွာအနီး ကင်းပတ်လာတဲ့ ပျူစောထီးတိုက်ခိုက်ခံရကာ သေဆုံးခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား ပါတယ်။
Read More

စလင်းက ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ (ရုပ်/သံ)

စလင်းမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဓာတ်ပုံရိုက်ရင်း အုပ်စုလိုက် သေသွားသည့် စစ်သားများ (ရုပ်/သံ)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ရွာမှာ အောင်ပွဲခံနေတဲ့ အကြမ်းဖက်စစ်သားတွေ AA ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အများအပြားသေဆုံးခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။