စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ရွှေဂူနီဘုရားဝန်းအတွင်းက စစ်အုပ်စုတွေဆီ ရိက္ခာလာပိုတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ မုံရွာအခြေစိုက်တော်လှန်​ရေးတပ်တွေ ကျောက္ကာလမ်းပိုင်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ဆီက သိရပါတယ်။

အောက်တိုဘာလ ၁၅ ရက် မနက်အစောပိုင်းက မုံရွာစီးပွားရေးတက္ကသိုလ်ကနေ ထွက်လာတဲ့ သံပြားကာကား ၂ စီးနဲ့ အင်အား ၁၀၀ ပါခြေလျင်စစ်ကြောင်းကို ကျောက္ကာနဲ့ ထနောင်းဝင်းကျေးရွာကြားအရောက် တော်လှန်ရေးတပ်တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို မုံရွာမြို့နယ် ပကဖနဲ့အတူ မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့-Danger Force၊ မုံရွာမြို့နယ် ပကဖ တိုက်နယ် ၁၊ ၂၊ ၃၊ ၄ ၊ မုံရွာမြို့နယ် ပလဖ၊  မုံရွာမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေး အဖွဲ့- Tribal Force၊ မုံရွာမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့- မုံရွာ Special ဒိတ်ဒိတ်ကြဲ ၊ တောကျွဲကြီး ပြောက်ကျားအဖွဲ့၊ Black Falcon .LDF နဲ့ ဒေသခံရပ်ကျေးပကဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က စစ်ကြောင်းမထိုးခင် တစ်ရက်အလို အောက်တိုဘာလ ၁၄ ရက်ကလည်း မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စီးပွားရေးတက္ကသိုလ်ရှိ စစ်အုပ်စုတွေဆီ သံပြားကာကား ၂ စီးနဲ့ စစ်အင်အားတွေ ဖြည့်တင်းပေးခဲ့တယ်လို့ သိရပါတယ်။

” ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ မုံရွာ-ကျောက္ကာလမ်းဘေး‌မှာ အောက်တိုဘာ ၁၃၊ ၁၄၊ ၁၅ ၃ ရက်ဆက်တိုက် ကင်းပုန်းဝပ်စောင့်နေချိန် ၁၄ ရက်က နမခ ကနေ Eco ကျောင်းထဲကို သံပြားကာကား ၂ စီးနဲ့အင်အားဖြည့်ပါတယ်။ နောက်နေ့ မနက် ၇ နာရီခွဲလောက်ကျ အဲ့ကား ၂ စီးပေါ် ရိက္ခာတွေတင်ပြီး ဘေးပက်ချာလည်မှာ အင်အား ၁၀၀ လောက်နဲ့ ရွှေဂူနီဘုရားက စစ်အုပ်စုတွေဆီ ထွက်လာတာပါ။” လို့  မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေ အထိခိုက်မရှိခဲ့ပေမယ့် စစ်အုပ်စုဘက်က ထိခိုက်မှုရှိနိုင်ပြီး အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

” သံပြားကာကား ၂ စီးနဲ့ အရင်တက်တယ်။ အဲ့နောက်မှာမှ ခြေလျင် အင်အား ၁၀၀ လာတယ်ပေါ့။ ကျနော်တို့က သံပြားကာကားတွေ လွှတ်ပေးလိုက်ပြီး​​ ခြေလျင်စစ်ကြောင်းကိုပဲ တိုက်ခဲ့တာပါ။ တိုက်ပွဲက ၁ နာရီပတ်ချာလည် လောက်ကြာခဲ့ပါတယ်။” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်လောက်ကစလို့ အကြမ်းဖက်စစ်အုပ်စုတွေဟာ မုံရွာ-ကျောက္ကာလမ်းပိုင်းကို အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် မုံရွာပကဖအပါအဝင် တော်လှန်ရေးတပ်ရင်းတပ်​ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေရှိခဲ့ပြီး စစ်အုပ်စုဟာ ရွှေဂူနီဘုရားဝန်းအတွင်း အထိုင်ချတပ်စွဲနေခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘောလခဲရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် ကရင်နီဝံပုလွေစစ်ကြောင်းမှ တော်လှန်ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကရင်နီဝံပုလွေစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်ကို တော်လှန်လိုသည့် တော်လှန်ပြည်သူများအား SSNDF / KNDF B-102 ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ တော်လှန်ပြည်သူတွေကို ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF / KNDF) B-102 က အတူလက်တွဲဖို့ ဖိတ်ခေါ်နေပါတယ်။ 
Read More

မိုင်းလုံမြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောက်ခင်ရန်း ပျူစခန်းနှင့် မြစ်သာဆည်ပေါ် တပ်စွဲထားသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲ၊ စခန်းမှူးအပါ ၆ ဦးသေဆုံးပြီး ထွက်ပြေးလာသည့် စစ်သား ၂ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးစခန်းနဲ့ မြစ်သာဆည်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စခန်းမှူး ၁ ယောက်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့၊ အသက် ၇၀ ကျော် အဘွားအိုကို အဓမ္မ ပြုကျင့်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာကို လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက်မှာ စစ်ကြောင်းထိုးခဲ့ပြီး ဇွန်လ ၂၄ ရက်မှာ လောင်းလုံးမြို့ပေါ် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-ကျောက္ကာလမ်းပိုင်း ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ အယောက် ၄၀ နီးပါးသေဆုံး၊ သေဆုံးသူများအနက် စစ်မှုထမ်းများ အများဆုံးပါဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ - ကျောက္ကာလမ်းပိုင်းက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်သား အယောက် ၄၀ နီးပါး သေဆုံးပြီး အများစုဟာ စစ်မှုထမ်း(ပစ) တွေဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။