တောင်ကိုးရီးရောက် မြန်မာနိုင်ငံသား ၄၀၀ ကျော်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့တယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ဆီက သိရပါတယ်။

အောက်တိုဘာလ ၄ ရက် ဒီနေ့ မွန်းလွဲပိုင်းကနေ စတင်လို့ ဆိုးလ်မြို့မှာ ဆန္ဒပြပွဲကို ဖော်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီ ဆန္ဒပြပွဲကို ကိုရီးယား NUG ကိုယ်စားလှယ်ရုံးနဲ့ ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့ပေါင်း ၃၉ ဖွဲ့ ပါဝင်တဲ့ “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ” ကနေ စီစဉ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှာ ကိုရီးယားနိုင်ငံ ဆိုးလ်၊ ဂယောင်ဂီဒို၊ အင်ချွန်း၊ ဘူဖျောင်း၊ ဖာဂျူ၊ ဂွမ်ဂျူး၊ ဖိုချွန်၊ ဂင်ဖို၊ အန်ဆန်း၊ ဖျောင်းထက်၊ ချွန်နမ်း၊ ဒယ်ဂျွန်း၊ ဒယ်ဂူး၊ ဂူမီ၊ ဂင်မဲ၊ ဘူဆန်၊ ဂေါ်ဂျယ် အစရှိတဲ့ မြို့တွေမှ တော်လှန်ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး အတူတကွ စုရုံးပါဝင်တယ်လို့ သိရပါတယ်။
ကိုရီးယားအစိုးရနဲ့ ပြည်သူတွေကို မြန်မာစစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာ ရှုတ်ချပေးဖို့၊ ၊ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် မည်သည့်ရလဒ်နဲ့ အစိုးရကိုမဆို လုံးဝအသိအမှတ် မပြုဘဲ ဆန့်ကျင်ကန့်ကွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာပြည်သူလူထုတရပ်လုံးကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ လုံးဝ ဆန့်ကျင်ကန့်ကွက် တိုက်ဖျက်ကြဖို့ အဆိုပါ ဆန္ဒပြပွဲကနေ တဆင့် အလေးအနက် တိုက်တွန်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

တောင်ကိုရီးယားလေဆိပ်မှာ ခရီးသည်တင်လေယာဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြား သေဆုံးနိုင် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ထွက်ခွါလာတဲ့ Jeju လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစ်စီးဟာ တောင်ကိုရီးယားနိုင်ငံ Muan အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြားသေဆုံးနိုင်တယ်လို့ တောင်ကိုရီးယားရဲ့ ကနဦးသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

ဗြိတိန်က မြန်မာ့ငလျင်ဘေးကို စတာလင်ပေါင် ၁၅ သန်းအထိ ကူညီထား၊ ထောက်ပံ့မှုများ စစ်ကောင်စီထံမှ စီးဆင်းမည်မဟုတ်ဟု ဆို

ဗြိတိန်က မြန်မာ့ငလျင်ဘေးအတွက် ကူညီလှူဒါန်းထားမှုဟာ စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း အထိ ရှိသွားပြီလို့ ထုတ်ပြန်ကြေညာပါတယ်။
Read More

မြန်မာနဲ့ ရေဘေးဆိုင်ရာ ဆွေးနွေးပွဲလုပ်မယ်လို့ ထိုင်းပြော၊ မယ်ဆိုင်မြစ်ကမ်းဘေး နေထိုင်သူတွေ မြေသိမ်းခံရနိုင်

ထိုင်းနိုင်ငံ၊ ချင်းရိုင်ရဲ့ မယ်ဆိုင်ခရိုင်မှာ ရေကြီးရေလျှံမှု အခြေအနေကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် မယ်ဆိုင်မြစ်ကြောင်းတလျှောက် တရားမဝင် ကျူးကျော်အိမ်ရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရက မြန်မာ(စစ်ကောင်စီ)နဲ့ ဆွေးနွေးသွားမယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုထားပါတယ်။
Read More

စစ်ကောင်စီကို လက်နက်ရောင်းချနေသည့် အိန္ဒိယကုမ္ပဏီထံမှ ရင်းနှီးမြှုပ်နှံငွေများအား ဆွီဒင်ပင်စင် ရန်ပုံငွေအဖွဲ့ ပြန်လည်ထုတ်ယူမှုအပေါ် JFM ကြိုဆို

စစ်ကောင်စီထံ လက်နက်ရောင်းချနေတဲ့ အိန္ဒိယစစ်လက်နက်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို  ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့က ပြန်လည်ထုတ်ယူလိုက်ခြင်းအပေါ်  Justice For Myanmar (JFM) က ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

အနောက်အုပ်စုအကူအညီများ လျှော့ချခြင်းက အရှေ့တောင်အာရှအတွင်း တရုတ်လွှမ်းမိုးမှုကို တိုးလာစေ

ထရမ့်အစိုးရနဲ့ အခြားအနောက်နိုင်ငံက အလှူရှင်တွေရဲ့ အကူအညီတွေ လျှော့ချလိုက်ခြင်းဟာ အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို မြင့်တက်လာစေကြောင်း ဩဇတေးလျ ဉာဏအဖွဲ့အစည်းတစ်ခုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ အာဆီယံက လေ့လာသူ စေလွှတ်ဖွယ်မရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေအတွက် အာဆီယံအဖွဲ့ကြီးက လေ့လာသူတွေ စေလွှတ်ပေးဖို့ သဘောတူလိမ့်မယ်လို့ မထင်ကြောင်း အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။