တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပြည်သူနေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်အပါအဝင် ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၇ ရက် ညနေပိုင်းက သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာနဲ့ သင်းကျွန်းကျေးရွာရှိ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ တပ်မ ၄၀၅ တပ်ရင်းမှူး စိုင်းဝနဌေးနဲ့ စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ ဟွန်ဒါဖစ်ယာဉ်ကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ယာဉ်ပေါ်ရှိ စစ်ကော်မရှင်စစ်ဗိုလ် ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းစက်တင်ဘာ ၇ ရက်မှာပဲ သရက်နှစ်ခွကျေးရွာဘက်သို့ ခြေလျင်ဆင်းလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်းတပ်ခွဲ (၁)နဲ့ KNLA တပ်ရင်း (၁၂) တပ်ခွဲ (၁)တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ဒေါင်းညီနောင်စစ်ကြောင်း

0 Shares:
You May Also Like
Read More

ဝက်လက်မြို့ရဲစခန်းနဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့ ရဲစခန်းနဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို နိုဝင်ဘာ ၂၄ ရက်က ဒရုန်းနဲ့ ၆၀ မမ ဗုံးသီး ၄ လုံးနဲ့ ၈၁ မမ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဇာမဏီဒရုန်းတပ်ဖွဲ့ထံက သိရပါ တယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒီဇင်ဘာ ၂၂ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

မိုင်းငေါ့မြို့ထဲကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်၊ ဆိုင်ခန်းတွေ ပျက်စီးပြီး ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုင်းငေါ့မြို့ထဲကို စစ်ကော်မရှင်က ညအချိန် လေကြောင်းကနေ ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ TNLA မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး-မြင်းခြံလမ်းပိုင်းက စစ်ကောင်စီတပ်ရဲ့ ကုက္ကဲစခန်းကို ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မန္တလေး-မြင်းခြံလမ်းပိုင်းမှာ ပြည်သူတွေပေါ် မတရားအခွန်ကောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ကုက္ကဲစခန်းကို အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက ၄၀ မမ ဗုံးပစ်လောင်ချာ နဲ့ ဗုံးသီး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

ကော့သောင်းမြို့နယ်အတွင်း PDF ရဲဘော်များက မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဖမ်းဆီးပြီး မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို ဖမ်းဆီးပြီး မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်းရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။