ပဲခူးတိုင်း၊ ပေါင်းတည်းမြို့နယ်၊ ပန်းသင်းရွာမှာ ပြည်သူတွေကို ဒုက္ခပေးတဲ့ ပျုစောထီးဖြစ်သူ အေးမင်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁)၊ ကွပ်ကဲမှု အောက်ရှိ (၃၆၀၁) တပ်ရင်း တပ်ခွဲ (၂) က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၁ ရက် မနက် ၇ နာရီဝန်းကျင်အချိန်မှာ ပျူစောထီး အေးမင်းထွန်း ယာတဲထဲသို့ အလာမှာ တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုမှုတော့ ပျူစောထီး အေးမင်းထွန်းဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

၃၆၀၁ တပ်ရင်း မှ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Shadow ကတော့ “ပြည်သူတွေဆီကနေ ကိုင်းသတ်ဆေးပုံး၊ ဆန်၊ ဆီ၊ ငါး အကုန်ပေါ့နော်… သူတို့လိုချင်တာအကုန်သိမ်းပြီး အာဏာရှင်အလိုကျ ပြည်သူကိုဒုက္ခအမျိုးမျိုးနေတာ၊ အဲ့တာကြောင့် အခုလို ပြတ်ပြတ်သားသား အရေးယူရှင်းလိုက်ရတာ ဖြစ်ပါတယ်” လို့ မောင်းသတင်း​ဌာနကို ပြောပါတယ်။

နောက်ထပ်လည်း အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင် အပေါင်းအပါ လက်ပါးစေတွေကို ယခု ပျူစောထီး အေးမင်းထွန်းကို အရေးယူခဲ့သလို ပြတ်ပြတ်သားသား အရေးယူရှင်းလင်းသွားမယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်မရှိသည့် တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝ မလုပ်ရန် ပဲခူးတိုင်းစစ်ဌာန အမိန့်ထုတ်

ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ) တွေအနေနဲ့ ကိုယ့်နယ်မြေအတွင်း မဟာမိတ်တွေကလွဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ မရှိတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လက်ခံထားရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုံးဝ မလုပ်ကြဖို့ ပဲခူးတိုင်းစစ်ဌာနက ညွှန်ကြားလိုက်ပါတယ်။
Read More

မိုးဗြဲမြို့ကို သာလွန်အင်အားနှင့် ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နေပြည်တော် PDF တပ်ရင်း ၈၀၅ က မဟာမိတ်တပ်များနှင့်အတူ ခုခံကာကွယ်နေ…

ကရင်နီပြည်နယ်ရှိ မိုးဗြဲမြို့ကို သာလွန်အင်အားနဲ့ ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၈၀၅ က မဟာမိတ်တပ်တွေနဲ့အတူ ခုခံကာကွယ်နေတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သင်္ကြန်ကာလအတွင်း မူးယစ်သောက်စားပြီး ခိုက်ရန်ဖြစ်ပွားတာ၊ ကခုန်ပျော်ပါးတာတွေမလုပ်ဖို့ ကော့သောင်းပကဖ သတိပေး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ပြည်သူတွေကိို စာနာကြောင်းပြသတဲ့အနေနဲ့ သင်္ကြန်ကာလ မူးယစ်သောက်စားတာတွေနဲ့ အသံချဲ့စက်ဖွင့် ကခုန်ပျော်ပါးတာ၊ ခိုက်ရန်ဖြစ်ပွားတာတွေမလုပ်ဆောင်ကြဖို့ ကော့သောင်းပကဖ က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် - TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။