ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်မှာ အမိန့်ကြော်ငြာစာဆိုပြီး ထုတ်ပြန်ပါတယ်။

နိုင်ငံတော်ယာယီသမ္မတဆိုပြီး ကိုယ့်ကိုကိုယ် ခန့်အပ်ထားတဲ့ မင်းအောင်လှိုင်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အဖွဲ့ဝင်တွေ၊ KNU က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ အဲဒီအဖွဲ့အစည်းတွေနဲ့ ဆက်နွယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပ်တွေဟာ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူတွေရဲ့ အေးချမ်းသာယာရေးကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ယုံကြည်ယူဆတဲ့အတွက် မတရားအသင်းအဖြစ် ကြေညာလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဥပဒေကို လိုသုံးလုပ်ပြီး နိုင်ငံတဝန်း ပြည်သူလူထုတရပ်လုံးအပေါ် အကြမ်းဖက်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ အာဏာလုအစိုးရဟာ မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၆ အရ KNU နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂) ပါ အဓိပ္ပာယ် ဖော်ပြချက်တွေနဲ့အညီ မတရားအသင်းအဖြစ် ကြေညာလိုက်တယ်လို့ ဆိုထားပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုက KNU ဟာ အများပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ လမ်းတံတား၊ ယာဥ်၊ စက်ပစ္စည်းတွေကို အကြမ်းဖက် ဖျက်ဆီးပြီး အပြစ်မဲ့ ပြည်သူတွေကို လူသစ်စုဆောင်းကာ လက်နက်ကြီးတွေ၊ Drop Bomb တွေ အသုံးပြု တိုက်ခိုက် သတ်ဖြတ်နေတယ်လို့ တပြန်ကြီး စွပ်စွဲထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လုံခြုံတရားမျှတပြီး တန်းတူညီမျှမှုရှိသည့် လုပ်ငန်းခွင်ရရှိစေရန် ကြိုးပမ်းနေသူများအားလုံးနှင့်အတူ ရပ်တည်ထောက်ခံကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်အရုံး (KNU) အနေနဲ့ လူတိုင်းအတွက် လုံခြုံမှုရှိကာ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်ရရှိစေအောင် ကြိုးပမ်းနေသူအားလုံးနဲ့အတူ ရပ်တည်ထောက်ခံကြောင်း ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ PSLF/TNLA က အကျဉ်းသား (၅၅) ယောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့

ဇန်နဝါရီလ ၁၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၅၅) ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် အိုးဘိုထောင်က CDM ဆရာမကြီးဒေါ်မြင့်မြင့်သန်းသေဆုံး… ယခုနှစ်အတွင်း ထောင်တွင်း လုံလောက်သည့် ဆေးကုသခွင့် မရမှုကြောင့် သေဆုံးသူ နိုင်ကျဥ်း ၁၁ ဦးထိ ရှိလာ…

မန္တလေးအိုးဘိုထောင်အတွင်းမှာ အကျဉ်းချခံနေရတဲ့ CDM ဆရာမကြီး ဒေါ်မြင့်မြင့်သန်းဟာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ကရင်နီ အမျိုးသားလူငယ်အစည်းအရုံးက အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်

ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းလှမြို့နယ်ရှိ မဲရုံနှစ်နေရာကို တော်လှန်ရေးတပ်များ မိုင်းခွဲတိုက်ခိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ မဲရုံနေရာ ၂ ခုကို  တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ ရေလာ ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ရေလာကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။