မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးတဲ့ ဖြစ်စဥ်အသေးစိတ် အချက်အလက်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်ကလည်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ မိုးကုတ်မြို့ရှိ ကျောက်နဂါးဘုန်းကြီးကျောင်းကို ပေါင် (၅၀၀) ဗုံး (၂)လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာမဏေ (၁)ပါး၊ ကလေး (၂)ယောက်၊ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၁) ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၀ ရက်က စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်း
0 Shares:
You May Also Like
Read More

စစ်ကောင်စီ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း မိုင်းခွဲခံရပြီး စစ်သား ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း (ခမရ ၅၃၂) ဟာ မနေ့က ဒီဇင်ဘာ ၁၅ ရက် ညပိုင်းမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ငလျင်ကြောင့် ကျိုက်ထော်ကျေးရွာ ဆုတောင်းပြည့်စေတီ စိန်ဖူးတော် မြေခ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်စေတီရဲ့ စိန်ဖူးတော်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ကျိူးကျပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ခမရ (၅၅၇)တပ်ရင်းမှ တပ်သား(၁)ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇)တပ်ရင်းက စစ်သား(၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ်၏ ဒရုန်းတက်လာသည့် နေရာများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းတက်လာတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - မီးနဂါးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့တွင် တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်နေစဉ် စာသင်ကျောင်းနှင့် ဆေးရုံများကို အကြမ်းဖက်စစ်တပ်မှ ဗုံးကြဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်နေတဲ့အချိန်မှာပဲ အနီးပတ်ဝန်းကျင် ကျေးရွာတွေက စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ တိုက်နယ်ဆေးရုံတွေကို  အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့က နွေဦးတော်လှန်ရေး လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

အမေရိကန်ရောက်  Free Burma Action Committee-Northern California က ဦးဆောင်ပြီး “နွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်ရေး နိုင်ငံရေး ပူးပေါင်းညီညွတ်ကြပါစို့” ဆိုတဲ့ခေါင်းစဉ်နဲ့  လူထုသပိတ်လှုပ်ရှားမှုကို ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။