ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူ ၁၆ယောက်ကို တရုတ်အစိုးရထံ ဒီနေ့မနက်မှာ လွှဲပြောင်းပေးခဲ့ကြောင်း တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်း လုပ်ကိုင်သူတွေကို တအာင်းပြည် နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့ရဲ့ စခန်းမှူး ဒုဗိုလ် လိုမ်ဂေါင်က ဦးဆောင်ပြီး နမ့်ခမ်းမြို့နယ် နယ်စပ်ဂိတ်ကနေ တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တရုတ်နိုင်ငံသား ၁၆ ယောက်ဟာ ကွတ်ခိုင်မြို့နယ် ရှောက်ဟော်ကျေးရွာမှာ အခြေချလုပ်ကိုင်နေတာဖြစ်ပြီး ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့က သတင်းရကာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကလည်း TNLA ရဲတပ်ဖွဲ့က နမ့်ခမ်း၊ ကွတ်ခိုင်နဲ့ နမ္မတူမြို့နယ်တို့ကနေ ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ကိုင်သူ ၁၂ယောက်ကို တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဝေါ့ပါမစ် သက်တမ်းတိုးရာမှာ စလစ်ကြေး ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဝေါ့ပါမစ်သက်တမ်းတိုးရာမှာ တချို့သောအေဂျင်စီတွေပြောသလို စလစ်ကြေး ဘတ် ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးက ပြောဆိုကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။
Read More

မင်းအောင်လှိုင် ဆိုတာ ဒီမိုကရေစီ အစပျိုးပေးမည့်သူ မဟုတ်၊ ရက်စက်ကြမ်းကြုတ်မှု၏ ပြယုဂ်သာ ဖြစ်သည်ဟု SAC-M ပြော

အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးနေသယောင် ဟန်ဆောင်နေပေမယ့် တကယ်တမ်းမှာ ပြည်သူတွေကို ရက်စက်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်သမားသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ပြောဆိုလိုက်ပါတယ်။
Read More

လိမ်လည်မှုတွေကြောင့် မြဝတီအပါအဝင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကို ဟောင်ကောင်က ခရီးသွားအန္တရာယ်ရှိ အနီရောင်အဆင့်သတ်မှတ်

ဟောင်ကောင်ဒေသခံတွေ မြန်မာပြည်ကို ဖြားယောင်းခံရပြီး လိမ်လည်လုပ်ငန်းတွေမှာ အလုပ်ခိုင်းစေခံရမှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရက မြန်မာပြည်အရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ်က နေရာတချို့ကို ခရီးသွားသတိပေးချက် အနီရောင်အဖြစ် ဇန်နဝါရီလ ၁၇ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

မြန်မာဘက်မှာ လူကုန်ကူးခံထားရသူတွေကို တစ်ရက် လူ ၅၀၀ နှုန်း ထိုင်း လွှဲပြောင်းလက်ခံမယ်

မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်းတွေထံမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်က တစ်ရက်ကို လူ ၅၀၀ နှုန်း လက်ခံသွားဖို့ သဘောတူထားကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၁၅ရက် ဒီနေ့ ပြုလုပ်ခဲ့တဲ့ ထိုင်း-မြန်မာ နယ်စပ်ကော်မတီ အစည်းအဝေးမှာ နှစ်နိုင်ငံကြား အခုလို သဘောတူညီခဲ့တာ ဖြစ်တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းလောက် အာဟာရချို့တဲ့နေ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။