တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့မှာ သတင်းထုတ်ပြန်ထားပါ တယ်။

သြဂုတ် ၇ ရက် နေ့လယ်ပိုင်းက ရမ်းဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဗိုလ်ခရမ်းတပ်ဖွဲ့မှ သွားရောက်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲအပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၁ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သြဂုတ် ၅ ရက်ကလည်း ရမ်းဖိုကျေးရွာတပ်စွဲပြီး လမ်းဘေးမှာ ဂိတ်ချကာ ခရီးသွားများ အား စစ်ဆေးနေတဲ့ စစ်ကောင်စီတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ မသိရသေးဘဲ စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Video-ဗိုလ်ခရင်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

တောင်ကိုရီးယား စစ်ကော်မရှင်သံရုံးအနီး ဆန္ဒပြ ပြည်သူများကို ဒေါ်ဇင်မာအောင် သွားရောက် ဂုဏ်ပြုနှုတ်ဆက် (ရုပ်/သံ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကော်မရှင်သံရုံးအနီး ပြုလုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သွားရောက်ကာ ဂုဏ်ပြု နှုတ်ဆက်ခဲ့ပါတယ်။
Read More

သိမ်ဇရပ်မြို့ ခမရ ၂၀၇ နှင့် ဟိန်းမြန်မာကျောက်မိုင်းအနီး စစ်ကောင်စီကာကင်းစခန်းကို ဗုံးသီးချပြီး ၆၀ မမ လက်နက်ကြီးဖြင့် တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ ခမရ ၂၀၇ နဲ့ ဟိန်းမြန်မာကျောက်မိုင်းအနီးက စစ်ကောင်စီကာကင်းစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပကဖထံက သိရပါတယ်။
Read More

ကော့သောင်းမြို့နယ်အတွင်း PDF ရဲဘော်များက မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဖမ်းဆီးပြီး မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို ဖမ်းဆီးပြီး မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထုတ်လုပ်ထားတဲ့ AR-15 သေနတ်များ ကရင်နီရှေ့တန်းစစ်မျက်နှာပြင်မှာ အသုံးပြုနေပြီဖြစ်ကြောင်း Hornet PDF ထုတ်ပြန် (ရုပ်/သံ)

Hornet PDF မှာ ထုတ်လုပ်ထားတဲ့ AR-15 သေနတ်များ ကရင်နီရှေ့တန်းစစ်မျက်နှာပြင်မှာ အသုံးပြုနေပြီဖြစ်တယ်လို့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံဖိုင်နဲ့ တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဂမုန်းရေလှောင်တမံ အနီး တိုက်ပွဲက သေဆုံးသွားတဲ့ စစ်ကောင်စီ အလောင်း ၁၂လောင်းကို လာရောက်ယူဆောင်ခြင်းမရှိ (ရုပ်/သံ)

ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတဲံ စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ကားတချို့ ချောက်ထဲကျပြီး ၅ယောက် ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဒီဇင်ဘာ ၁၅ ရက် မနေ့ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Ar Lar Wa Ka အဖွဲ့ထံက သိရပါတယ်။