မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကား ၁ စီး ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၅ရက် နေ့လယ်ပိုင်းက နွားထိုးကြီးမြို့နယ်၊ ကနား-ပြင်စည် လမ်းပိုင်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကော်မရှင်ကားကို နွားထိုးကြီး PDF တပ်ရင်းတွေဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းတို့က လမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြိုပြီး ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်အဖွဲ့ဝင်တွေဟာ ကနားကျေးရွာကနေ ပြင်စည်ကျေးရွာဘက်ဆီ ထွက်ခွာလာတာဖြစ်ပြီး နွားထိုးကြီး PDF ရဲ့ တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာတဲ့ တပ်သား ၅ ယောက်မှာ ၃ ယောက်သေဆုံးကာ ၂ ယောက် ထွက်ပြေးသွားခဲ့ပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေဆီက M-79 သေနတ် (၁) လက်နဲ့အတူ MA-3 သေနတ် (၃) လက်၊ 5.56 ကျည်  (၂၁၅) တောင့် ၊ ၄၀ မမ (၁) လုံး၊ လက်ပစ်ဗုံး  (၁) လုံးနဲ့ ကျည်ဘောက် (၅) ဘောက်ကို နွားထိုးကြီး PDF က သိမ်းဆည်းရရှိခဲ့ပြီး စစ်ကော်မရှင်အဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ စီးနင်းလာသည့်ကားကို တိုက်ခိုက်အပြီး မြင်ကွင်းများ (ဓာတ်ပုံ နွားထိုးကြီး PDF)

0 Shares:
You May Also Like
Read More

ချင်းဒေသ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်ပြီဟု PDF Zoland ထုတ်ပြန်

ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland - People's Defence Force) အနေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီနဲ့ ကာလရှည်ကြာတိုက်ပွဲတွေ ​ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ချင်းဒေသရဲ့ ၈၀% ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မဏိပူရ်၊ အင်ဖာထောင်ထဲက မြန်မာတွေ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးနဲ့ စစ်ကောင်စီထံလွှဲပြောင်းမခံရရေး အာဏာပိုင်တွေထံ ၄ကြိမ်မြောက် အစာငတ်ခံဆန္ဒပြ

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ်မှာ အင်ဖာထောင်ထဲ အကျဥ်းကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေက စတုတ္ထအကြိမ်မြောက်အဖြစ် အစာငတ်ခံဆန္ဒပြမှုကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ်လို့ India for Myanmar လူ့အခွင့်အရေးအဖွဲ့ထံက သိရပါတယ်။
Read More

မကွေးတိုင်း ခရိုင် ၂ခုတွင် ရွေးကောက်ပွဲအတု ထောက်ခံကြောင်း ပြသရန် စစ်အုပ်စုက အိမ်ပေါက်စေ့ ခြိမ်းခြောက် အလံထောင်ခိုင်းထား

မကွေးတိုင်း၊ မင်းဘူးနဲ့ သရက်ခရိုင်အတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲအကြို နေအိမ်တိုင်းလိုလို အလံတွေ ထောင်ထားကြဖို့နဲ့ မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

တန့်ဆည်မြို့နယ် တနယ်ရွာကို စစ်အုပ်စု မီးရှို့ကာ ပြည်သူပိုင် ဆန်အိတ်နှင့် အခြားပစ္စည်းများကို ကားဖြင့် သယ်ဆောင်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက တနယ်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သားပိုင် ဆန်အိတ်တွေကို ကားတွေနဲ့ သယ်ယူနေကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လှိုင်မြို့နယ် ပိတောက်ချောင်း နယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို တော်လှန်ရေးရဲဘော်တွေကနေ‌ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆောင်းပြောင်းကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် KNDF တပ်ရင်း(၂၉) မှ စစ်ကြောင်းမှူးနှင့် တပ်ခွဲမှူးတို့၏ စျာပန

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း‌ကျေးရွာ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့  ရဲဘော် ၂ ယောက်ရဲ့ စျာပနာအခမ်းအနား မှတ်တမ်းပုံရိပ်တွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၂၉ က ဒီနေ့ ထုတ်ပြန်ပါတယ်။