အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ပြည်သူတွေနဲ့ တသားတည်းရပ်တည်တဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းအနေနဲ့ ဆန့်ကျင်ကြောင်း KRC ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (လယ်ဒိုမြို့နယ်) က သဘောထားထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ လယ်ဒိုဒေသအတွင်း ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်နေ့တိုင်း စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ချိုးဖောက်နေတာဖြစ်ပြီး ပြည်သူတွေဟာ လူမှုဘဝလုံခြုံမှုကို ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုထားပါတယ်။

စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီနှင့် စစ်တပ်ထောက်ခံသည့် ရုပ်ရှင်လောကသားအချို့ တွေ့ဆုံစဥ်

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လယ်ဒိုဒေသအတွင်းမှာ စစ်ကောင်စီဟာ လက်နက်ကြီး (၈၂)လုံး၊ ဒရုန်းနဲ့ (၁၅) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ယောက် သေဆုံးကာ ၁၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အကြောင်းမဲ့ ဖမ်းဆီးခံရသူ (၅) ယောက်ရှိခဲ့ပြီး လူနေအိမ် ၁၆လုံး၊ စာသင်ကျောင်း (၂) လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အခုလို အကြောက်တရား၊ ဘေးဒုက္ခပေါင်းစုံနဲ့ အသက်ရှင် ရပ်တည်နေရတဲ့ ပြည်သူထုရဲ့ ဘဝလုံခြုံမှုကို မျက်ကွယ်ပြုပြီး စစ်အာဏာသက်ဆိုးရှည်ဖို့သာ လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် လယ်ဒို (ကျောက်ကြီး) မြို့နယ်က ပြည်သူတွေရဲ့ ဒုက္ခကို ရှေးရှုပြီး ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း KRC က  ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့အတွင်း ဒီဇင်ဘာလ အားကစားပြိုင်ပွဲ ကျင်းပ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က မွန်းလွဲပိုင်းက တပ်ဖွဲ့ ဗဟိုဌာနချုပ် အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight ရုပ်ရှင်ကနေ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီ စစ်ရေးအတွက် လှူဒါန်း

၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight တော်လှန်ရေး ရုပ်ရှင်ဇာတ်ကား ပြသလို့ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီတိုင်း စစ်ရေးလှုပ်ရှားမှုတွေအတွက် ပေးအပ်ခဲ့ကြောင်း ရုပ်ရှင်ထုတ်လုပ်သူတွေထံက သိရပါတယ်။
Read More

စေတုတ္တရာတွင် စစ်အုပ်စုကို ၂ ရက်တာ ဒရုန်းဗုံးကြဲ၊ မိုင်းဆွဲတိုက်ခိုက်၊ စစ်အုပ်စုအဖွဲ့ဝင် ၂၀ ခန့် သေဆုံးကာ ဗိုလ်ကြီးအပါ အများအပြား ဒဏ်ရာရ

ကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၂ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စေတုတ္တရာမြို့နယ် NUG ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်ကို စစ်အုပ်စု Gyrocopter ၂ စီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အကြမ်းဖက်စစ်တပ်က Gyrocopter ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်က စစ်တပ်ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းမပေါ်က  အကြမ်းဖက် စစ်တပ်ဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့  God's Hand Forces (GHF) အဖွဲ့ထံမှ သိရပါတယ်။ 
Read More

ထိုင်းရေပိုင်နက်အတွင်းက ငါးဖမ်းသင်္ဘောတွေကို စစ်ကောင်စီရေတပ် ဝင်ရောက်တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံး

ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းသင်္ဘော ၃ စင်းကို စစ်ကောင်စီရေတပ်သင်္ဘောက စနေနေ့အစောပိုင်းမှာ ပစ်ခတ်ခဲ့ရာက သင်္ဘောသားတစ်ဦး သေဆုံးပြီး ၃၁ ဦးကို ဖမ်းဆီးခံခဲ့ရပါတယ်။