“ကျနော်တို့က Local ဆိုတော့ စစ်တိုက်လည်း ကိုယ့်ကျည်နဲ့ကိုယ်။ သေလည်း ကိုယ့်စရိတ်နဲ့ကိုယ်ပါ။ နောက်ပြီးဆေးကုလည်း ကိုယ့်စရိတ်နဲ့ကိုယ် ဆိုတော့ ကုသစရိတ်၊ သယ်ယူစရိတ်တွေက မလိုက်နိုင်အောင်ကို ကြီးမြင့်နေပါတယ်။ ဒါပေမယ့် ကိုယ့်ရဲဘော်ဆိုတော့ ရအောင် ကုသနေရပါတယ်။”

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ အညာမြေတပ်ပေါင်းစုရဲ့ တပ်ဖွဲ့ဝင်၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ရက်နေ့က ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန် ပျူစောထီးရွာသိမ်းတိုက်ပွဲမှာ လက်နက်ကြီး ၄၀မမ ခေါင်းကိုထိမှန်ပြီး ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့တဲ့ တပ်ဖွဲ့ဝင် ကိုချင်း ဆိုသူနဲ့ ဇူလိုင်လ ၁၇ရက်နေ့က ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်း ဝင်ရောက်တိုက်ခိုက်မှုကနေ လည်ပင်းကျည်ထိမှန်ခဲ့တဲ့ ကိုတွတ်တို့ကို အသီးသီး ဆေးကုသမှုပေးထားရကြောင်း သိရပါတယ်။

ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကိုချင်းကို ပြည်ပနိုင်ငံဆေးရုံတစ်ခုဆီ ပို့ဆောင် ကုသပေးထားရပြီး ကိုတွတ်ကိုတော့ တော်လှန်ဆေးရုံတစ်ခုဆီ ပို့ဆောင်ကုသထားရကြောင်း ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

“ရဲဘော် ကိုချင်းရဲ့ ကျန်းမာရေးက အခုလက်ရှိ ဦးခေါင်းခွံ ၅ လက်မ ပတ်လည်ကို ဖြုတ်ထားရပါတယ်။ ကျန်းမာရေးက မှတ်ဉာဏ်တွေ အကုန်ကောင်းတယ်။ ကုသစရိတ်က လက်ရှိအထိဆို မြန်မာငွေ သိန်းနှစ်ရာ့သုံးဆယ်ကျော် ကုန်နေပါပြီ။ ကုသမှုက မပြီးသေးပါဘူး။။ ဆေးရုံမှာ သုံးလလောက်ထိ ဆက်လက်နေထိုင်ပြီး ကုရပါမယ်။ ကိုတွတ်ကတော့ သူ့လည်ပင်းကိုကျည်မှန်တာ လည်ပင်းကနေ နံကြားကို ဖောက်ပြီး နံရိုးတစ်ချောင်းကျိုးပါတယ်။ အဲဒီဒဏ်ရာနဲ့ တော်လှန်ဆေးရုံတစ်ခုမှာ ဆေးဝါးကုသနေရပါတယ်”လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

အညာမြေတပ်ပေါင်းစုဟာ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းက ပခုက္ကူ၊ ကမ္မ၊ မြိုင်၊ ပေါက်နဲ့ ဆိပ်ဖြူမြို့နယ်တွေမှာ အဓိကစစ်ရေးလှုပ်ရှားနေတဲ့ (Local) ဒေသကာကွယ်ရေးတပ်ပေါင်းစုတစ်ခုဖြစ်သလို အခုလို အားထားရတဲ့ တပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသစရိတ် သိန်းရာနဲ့ချီ ကုန်ကျခံနေရတဲ့အပေါ် အခက်အခဲတွေ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

“ကျနော်တို့က Local ဆိုတော့ စစ်တိုက်လည်း ကိုယ့်ကျည်နဲ့ကိုယ်။ သေလည်း ကိုယ့်စရိတ်နဲ့ကိုယ်ပါ။ နောက်ပြီးဆေးကုလည်း ကိုယ့်စရိတ်နဲ့ကိုယ် ဆိုတော့ ကုသစရိတ်၊ သယ်ယူစရိတ်တွေက မလိုက်နိုင်အောင်ကို ကြီးမြင့်နေပါတယ်။ ဒါပေမယ့် ကိုယ့်ရဲဘော်ဆိုတော့ ရအောင် ကုသနေရပါတယ်။ အခုဆို ဆေးကုသစရိတ်က သိန်း ၃၀၀ နဲ့ ၅၀၀ ကြားရှိပါတယ်။ ပြည်သူကလွဲလို့ ဘယ်ကမှ ပံ့ပိုးမှုမရှိတော့ ရဲဘော်ဒဏ်ရာရတာ၊ အရေးပေါ်ခွဲစိတ်ရတာတွေကြုံလာရင် အတော်ကို အကြပ်ရိုက်ပါတယ်။ နောက်ပြီး ကျနော်တို့ရတဲ့ ရန်ပုံငွေ (ပြည်သူ့ထောက်ပံ့မှု) ဆိုတာကလည်း ပွဲတွေအတွက် ကျည်ဝယ်ရတာနဲ့တင် အလျဉ်မမှီတော့ အခုလို ရဲဘော်တွေ ထိခိုက်မှုရှိလာတဲ့အခါ အရေးပေါ်ဆိုပြီး ဖယ်ထားမှု မချန်နိုင်ပါဘူး။ အဲ့တော့အခုလို အရေးပေါ်လာတော့ ခက်ရတာပါ။ ထောက်ပံ့မှုတွေကိုလည်း ကြိုဆိုလျက်ပါ” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ဇွန်လ ၁၀ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန် ပျူစောထီးရွာသိမ်း တိုက်ပွဲမှာ စစ်အုပ်စုစခန်းကို သိမ်းပိုက်နိုင်လုဆဲဆဲမှာ ပခုက္ကူတပ်မ ၁၀၁ ကနေ စစ်ကူတွေရောက်လာတာကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးခဲ့ရသလို ဇူလိုင်လ ၁၇ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆိပ်ဖြူမြို့နယ်၊ လယ်ဆည်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာလည်း နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဟားခါးမြို့ပေါ်က ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းထဲက ပြည်သူ့အခြေပြုကျေင်းမှာ လေကြောင်းရန် ကာကွယ်ရေး ၊ GBV အသိပညာ‌ပေးခြင်းနဲ့ ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ လေကြောင်းရန် ကာကွယ်ရေးတွေ၊ Gender – Based Violence အသိပညာ‌ပေး ဟောပြောပွဲနဲ့ ဖဲကြိုးဖြူ ကမ်ပိန်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိူးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒီ‌နေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုတွင် ဝင်ပြိုင်သူများကို ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်မည်ဟု ဆို 

ကရင်နီပြည်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်သွားမယ်လို့ ကရင်နီပြည်လူငယ်ထုတွေက ဆိုလာပါတယ်။ 
Read More

အမျိုးသမီးများကို မုဒိမ်းကျင့်ပြီး ထွက်လာသည့်စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီးထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ မတ္တရာမြို့နယ်ပကဖဆီက သိရပါတယ်။
Read More

မြန်မာနဲ့တရုတ်ဟာ အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးနိုင်ငံတွေလို့ အစီရင်ခံစာမှာပြော

မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံတွေဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

မန္တလေးမြို့က ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီလာပို့ရင်း လုယက်ဓားပြတိုက်မှု ဖြစ်ပွါး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁လမ်းနဲ့ ၈၂လမ်းကြား၊ ၂၈လမ်းမကြီးပေါ်က ဦးကိုလေး ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီ လာပို့သူတွေကနေ လုယက်ဓားပြတိုက်သွားကြောင်း မန္တလေးမြို့ခံတွေဆီက သိရပါတယ်။