”တပ်ထဲမှာ နှစ်ရှည်လများ ၁၅ နှစ်၊ အနှစ် ၂၀ ထမ်းဆောင်တဲ့သူတွေတောင်မှ အခုလိုမျိုး ပြေးချင်နေတာ ကျနော်တို့လို မနေ့တနေ့ကမှ ထမ်းဆောင်ရသူတွေဆို ပိုဆိုးတာပေါ့။ ဒါကြောင့်လည်း ကျနော်ဆုံးဖြတ်ချက်ချပြီး အလင်းဝင်လာချင်ဖြစ်တယ်။ ပြီးတော့ ကျနော်တစ်ဦးတည်း အလင်းဝင်ချင်တာမဟုတ်ဘူး။ ၁၀ နှစ်၊ ၁၅ နှစ် ကောင်တွေတောင်မှ လွတ်မြောက်နယ်မြေမှာ အေးရာအေး ကြောင်းနေဆိုရင် ထိပ်ဆုံးကပြေးမယ့်ကောင်တွေ။ ကျနော်တို့ ပစတွေဆို မပြောတော့နဲ့ပေါ့နော်။ ၂ နှစ်ပြည့်လို့မှ သူတို့ဖက်က ကတိမတည်ဘူးဆိုလို့ရှိရင်၊ သူတို့ကတိမတည်ဆိုတာကိုလည်း ကျနော်ယုံတယ်။ အဲဒါကလည်း ဒီ ၂၀၂၆ လေးလပိုင်း ၈ ရက်နေ့ဆိုရင်မှာပေါ့”

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မြို့သစ်မြို့နယ်၊ မင်းသာကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒကစ (ကလေး) လက်အောက်ခံ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် နေဝင်းထွန်း(ခ)ကိုပိုင်ဟာ ဇူလိုင် ၁၁ ရက်က တမူးခရိုင် အမှတ် ၂ တပ်ရင်းဆီ လက်နက်မပါဘဲ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

Video-တမူးခရိုင် ၊ အမှတ် -၂ တပ်ရင်း

0 Shares:
You May Also Like
Read More

ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ စစ်ဆင်​ရေး (G-2) အဆင့်ရှိ ဗိုလ်မှူး ​အောင်မျိုးထက်

'တပ်မတော်ကို သစ္စာဖောက်တာမဟုတ်ဘဲနဲ့ ကျနော်တို့ကတော့ ပြည်သူလူထုနဲ့ ပူးပေါင်းပါဝင်တယ်လို့ပဲ ထင်မြင်ယူဆပါတယ်။ ပြည်သူလူထုရဲ့ မေတ္တာကို ရရှိတယ်လို့လည်း ပြန်ကြားရတဲ့အတွက်ကိုလည်း အတိုင်းမသိ ဝမ်းသာရပါတယ်'
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာတဲ့ တပ်မ(၅၅) လက်အောက်ခံ ခလရ-၃ကိုယ်ပိုင်အမှတ်- တ/၅၆၂၁၁၇ တပ်ကြပ် သက်ခိုင်ဦး (ရုပ်/သံ)

''နောက်တန်းပြန်ပို့တဲ့အချိန်တော့ စားရပါတယ်။ အခုနောက်ပိုင်း ရိက္ခာတွေ ပြတ်တောက်ပြီးတော့ လူတွေလည်း အားမရှိ၊ လဲတဲ့သူကလဲ၊ နေမကောင်းတဲ့သူက မကောင်းဖြစ်နေတာ အပေါ်က အ ထက်အရာရှိတွေက လိမ်လည်ခိုင်းတော့ မသေသင့်ဘဲ သေရမှာစိုးလို့ အလင်းလာဝင်ခြင်းဖြစ်ပါတယ်"
Read More

ဓမ္မကို လိုချင်လို့ လက်နက်စွဲကိုင်နေတဲ့ အမျိုးသမီး သို့မဟုတ် ရဲဘော် မိုင်းမိုင်း (ရုပ်/သံ)

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ နောက်တန်းကနေ အားဖြည့်ပေးသူတွေရှိသလို ရှေ့တန်းအထိ တက်တိုက်နေတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။
Read More

မွန်ပြည်နယ်ကို အားဖြည့်ပေးဖို့ မွန်တွေကို တောင်းဆိုပါတယ် (အပိုင်း – ၁)

နွေဦးတော်လှန်ရေးမှာ စစ်ရေးအရရော နိုင်ငံရေးအရပါ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းနဲ့ တွေ့ဆုံပြီး မွန်ပြည်နယ်ရဲ့ တော်လှန်ရေးအခြေအနေတွေအကြောင်း မောင်းသတင်းဌာနက မေးမြန်းထားပါတယ်။
Read More

ကရင်ပြည်နယ်၊ ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ ဦးစီးအရာရှိ တတိယတန်း (G-3) တပ်​ထောက် ဗိုလ်ကြီး ရှိုင်းထက်​အောင် (ရုပ်/သံ)

''လက်နက်ချအညံ့ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကနေ ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်ကို တပ်မတော်အပေါ် သစ္စာဖောက်တယ်လို့ သတ်မှတ်တယ်ပေါ့။ ကျနော်တို့ အဓိက သစ္စာစောင့်သိရမှာက ကျနော်တို့ ပြည်သူလူထုရဲ့အပေါ်ကိုပဲ သစ္စာစောင့်သိရမှာပေါ့နော်။ ကျနော်တို့ ဒီလိုလက်နက်ချအညံ့ခံပြီးတဲ့နောက်မှာ ကျနော်တို့ ဒီဘက်က ပြည်သူလူထုကလည်း နွေးထွေးစွာ ကြိုဆိုတယ်။ အဲ့အတွက်ကြောင့်မို့လို ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ ရွေးခဲ့တဲ့ လမ်းကတော့ ကျနော့်အနေနဲ့ကတော့ မမှားဘူးလို့ ထင်ပါတယ်''
Read More

CDF – Asho မှ ဖမ်းမိထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မေးမြန်းချက် (ရုပ်/သံ)

CDF - Asho က ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ စားသောက်နေထိုင်ရေး အခြေအနေတွေကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။