”ကျနော်တို့ ကြောက်တာပေါ့။ စစ်တပ်က လွဲပြီး အခြားအဖွဲ့အစည်းဆို အနားတောင်မကပ်ရဲအောင် ကျနော်တို့ကို ခြိမ်းခြောက်ထားတာ။ မင်းတို့သွား မင်းတို့ကို သတ်မှာပဲ။ မင်းတို့လက်နက်ကိုင်ပြီး ယူသွား၊ မင်းတို့ လက်နက်ယူပြီးသတ်မှာပဲ။ အဲဒါစစ်တပ်က လိမ်တာ။ တကယ်တမ်း ကျနော်တို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါမှာတော့ တခြားစီပါပဲ”

0 Shares:
You May Also Like
Read More

စစ်တပ်က ခိုင်းလို့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးများနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခဲ့ရဟု အလင်းဝင် စစ်သားသစ် ပြော (ရုပ်/သံ)

စစ်တပ်က အမိန့်နဲ့ အဓမ္မစေခိုင်းခဲ့လို့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးများနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA)ထံ အလင်းဝင်ရောက်လာသူ စစ်မှုထမ်းတပ်သားသစ် ကိုနိုင်ဝင်းစိုးက ပြောပါတယ်။ 
Read More

ဓမ္မကို လိုချင်လို့ လက်နက်စွဲကိုင်နေတဲ့ အမျိုးသမီး သို့မဟုတ် ရဲဘော် မိုင်းမိုင်း (ရုပ်/သံ)

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ နောက်တန်းကနေ အားဖြည့်ပေးသူတွေရှိသလို ရှေ့တန်းအထိ တက်တိုက်နေတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။
Read More

ပြည်သူ့စစ်တွေကို ရှေ့ဆုံးကတိုက်ပွဲဝင်ခိုင်းနေကြောင်း တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၆ တပ်ရင်းမှ တပ်သား မောင်မောင်ဝင်း ထွက်ဆိုချက် (ရုပ်/သံ)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ပြည်သူ့စစ်တွေကို ရှေ့ဆုံး ကနေ တိုက်ပွဲဝင်ခိုင်းနေကြောင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၆ တပ်ရင်းမှ ပြည်သူ့စစ်တပ်သား မောင်မောင်ဝင်းက အာရက္ခတပ်တော်ထံ ထွက်ဆိုခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာတဲ့ တပ်မ(၅၅) လက်အောက်ခံ ခလရ-၃ကိုယ်ပိုင်အမှတ်- တ/၅၆၂၁၁၇ တပ်ကြပ် သက်ခိုင်ဦး (ရုပ်/သံ)

''နောက်တန်းပြန်ပို့တဲ့အချိန်တော့ စားရပါတယ်။ အခုနောက်ပိုင်း ရိက္ခာတွေ ပြတ်တောက်ပြီးတော့ လူတွေလည်း အားမရှိ၊ လဲတဲ့သူကလဲ၊ နေမကောင်းတဲ့သူက မကောင်းဖြစ်နေတာ အပေါ်က အ ထက်အရာရှိတွေက လိမ်လည်ခိုင်းတော့ မသေသင့်ဘဲ သေရမှာစိုးလို့ အလင်းလာဝင်ခြင်းဖြစ်ပါတယ်"
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခလရ(၉၄)ကိုယ်ပိုင်အမှတ်- တ/၄၀၉၂၁၈ တပ်ကြပ်ကြီး အောင်ကိုဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''အလင်းလာဝင်ရတဲ့ ကိစ္စကတော့ ဒီကောင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ မခံနိုင်တော့လို့ လက်နက်တွေ ယူပြီး အလင်းလာဝင်တာပါ။ ကျနော်နဲ့အတူ ရဲဘော် ၃ ယောက်ပါပါတယ်။ ဒီကောင်တွေ အာဏာရူး ရူးနေပြီးတော့ ဖိနှိပ်ထားတဲ့ဒဏ်ကို.. ဒီကောင်တွေကို ပြန်တိုက်တော့မယ်လို့ စိတ်ကူးထားတယ်''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ကျော်ဇင်ဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''စစ်တပ်ထဲကို ကျနော်တို့လည်း မဝင်ချင်ဘူး။ အတင်းအဓမ္မဝင်ခိုင်းတယ်။ ထွက်ပြေးလည်း လိုက်ဖမ်းတယ်။ စစ်တပ်ထဲမှာခေါ်ပြီး နှိပ်စက်တယ်။ ကျနော်တို့မလုပ်ချင်တာတွေလည်း အတင်းအဓမ္မခိုင်းတယ်။ သူတို့ဒီလုပ်ရပ်က လူမဆန်တဲ့ လုပ်ရပ်။ သဘောမကျဘူး။ အဲဒါကြောင့်မလို့ အလင်းဝင်လာတာ''