ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာထိပ် ရောက်ရှိနေတဲ့ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၆) Black Dragon GBK-PDF ထံက သိရပါတယ်။

ဇူလိုင်လ ၂၀ရက် မနက် ၁၀ နာရီလောက်မှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၅ ယောက် သေ၊ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့လာမှာကို သတင်းရလို့ စောင့်တိုက်တာပါ။ အရုပ်ကြိုးပြတ်လဲပြီး သေသွားတာ ၅ ကောင်။ ဒီ ၅ကောင်အပြင် ၃ ကောင် ဒဏ်ရာရတော့ ပြန်ဆုတ်လာတာ”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၆) Black Dragon GBK-PDF ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေက ပြန်လည်ဆုတ်ခွာချိန်မှာ ကြို့ကိုးပင်ရွာက ဒေသခံ ၅ ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားပြီး တစ်ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ သေဆုံးအလောင်း ၃ လောင်းကို ပြန်သယ်ကာ အလယ်ကုန်းရဲစခန်းကို ပြန်ဆုတ်သွားပြီး ၂ လောင်းကိုတော့ အခုချိန်ထိ လာမကောက်သေးဘဲ လယ်ကွင်းထဲမှာ ကျန်ရှိနေတယ်လို့လည်း သိရပါတယ်။

“ဖမ်းခံရတဲ့သူတွေက ကြို့ကိုးပင်ရွာက အမျိုးသား ၅ ဦးပါ။ အခု အသက်ကြီးတဲ့ တစ်ယောက် ပြန်လွှတ်ပေးတယ်လို့ ထပ်သိရပါတယ်။ အလောင်း ၃ လောင်းကို ဖမ်းထားတဲ့ ပြည်သူတွေကို သယ်ခိုင်းတာ” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခြင်းတွေ လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေအနီး သွားလာနေထိုင်ခြင်း မပြုကြဖို့လည်း Black Dragon GBK-PDF က သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

Myingyan Black Tiger – MBT ရဲ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်းအခြေစိုက် မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း (Myingyan Black Tiger - MBT) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ (၃) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်တွေ – ပုဏ္ဏားကျွန်း နယ်အစပ်တိုက်ပွဲတွင်  အေအေ တပ်ရင်းမှူး ၁ ဦး ကျဆုံး

ရခိုင်ပြည် စစ်တွေ - ပုဏ္ဏားကျွန်း နယ်အစပ်တိုက်ပွဲမှာ အာရက္ခတပ်တော် (AA) တပ်ရင်းမှူး ၁ ယောက်ကျဆုံးခဲ့တယ် လို့ ရခိုင်ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
Read More

ချင်းပြည်နယ်အတွင်း ဒုတိယမြောက် မြို့သိမ်းတိုက်ပွဲအဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ BNRA ပါဝင်ခဲ့

ချင်းပြည်နယ်ရဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ချင်းညီနောင်နဲ့အတူ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ပါဝင်ခဲ့တယ်လို့ BNRA က အသိပေးထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမှ ကျောက်မဲသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် SSPP/SSA မှ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ်ကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းထဲက ပြည်သူ့အခြေပြုကျေင်းမှာ လေကြောင်းရန် ကာကွယ်ရေး ၊ GBV အသိပညာ‌ပေးခြင်းနဲ့ ဖဲကြိုးဖြူကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ လေကြောင်းရန် ကာကွယ်ရေးတွေ၊ Gender – Based Violence အသိပညာ‌ပေး ဟောပြောပွဲနဲ့ ဖဲကြိုးဖြူ ကမ်ပိန်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိူးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒီ‌နေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပါပုတ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။