မကွေးတိုင်း ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီးနဲ့ မင်းလှမြို့နယ် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမပေါ်က ကန်တုပ်စခန်းအနီးဝန်းကျင်မှာ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့  စစ်ကောင်စီတပ်တို့ ကာလရှည်တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

၂ လတာဖြစ်ပွားသော အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အယောက် ၃၀ ခန့် ထိခိုက်သေဆုံးခဲ့ပြီး၊  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်ကတော့ ရဲဘော် ၃ယောက် (မစိုးရိမ်ရတဲ့) ဒဏ်ရာရရှိခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF)က ဒီကနေ့ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲကို ကျောင်းသားလက်ရုံးတပ်တော်နဲ့ CDF-Asho တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ပွဲများအတွင်း MA-1 ၁လက်၊ ကျည်ဘောက် ၄ဘောက်၊ ကျည်ကာဦးထုပ် ၁ လုံး၊ အီကွေ့မန့် ၁ စုံနဲ့ ၅.၅၆ ကျည် ၈၄ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ကတော့ ၎င်းတို့ထုံးစံအတိုင်း ပုံသိမ်-မုံရွာလမ်းမအနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာကြောင့် ပြည်သူတွေ စစ်ဘေးရှောင်ခဲ့ကြရသလို၊ စစ်ကောင်စီတပ်ဟာ ကျောက်ဆုံရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ရွာခံ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ယောက်နဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက်ကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ရုပ်/သံ – ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF)

0 Shares:
You May Also Like
Read More

အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့မှုအဖြစ် အီရန်က ပဲ့ထိန်းဒုံးနဲ့ ဒရုန်းတွေသုံးပြီး အစ္စရေးကို ပြန်လည်တိုက်ခိုက် (ရုပ်/သံ)

အစ္စရေးရဲ့ Rising Lion စစ်ဆင်ရေးနာမည်နဲ့ လုပ်‌ဆောင်ပြီးနောက်မှာ အီရန်က လက်တုံ့ပြန်မှု အဖြစ် ပဲ့ထိန်းဒုံးနဲ့ ဒရုန်းတွေသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
Read More

မြို့သစ်မြို့နယ်ထဲတွင် အတုအယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့်စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူးအပါအဝင် ၈ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မြို့သစ်မြို့နယ်ထဲမှာ အတုအ‌ယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပနိုင်ဖို့ နယ်လှည့် စစ်ဆေးနေတဲ့ စစ်အုပ်စုယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ဂဠုန် PDFအဖွဲ့ဆီက သိရပါတယ်။
Read More

လောင်းလုံးတွင် ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၆ ဦး သေပြီး ပြည်သူ ၆ ဦး လွတ်မြောက်လာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း လူငယ်တွေကို ပေါ်တာဆွဲနေတဲ့ စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ ၆ ယောက် လွတ်မြောက်လာတယ်လို့ လောင်းလုံးပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့ တောင်စုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁၀ ယောက်သေပြီး ၇ ယောက်ဖမ်းဆီးမိ (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်ကြီးမြို့ တောင်စုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်သေပြီး ၇ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ Falcons Guerilla Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူ သင်တောရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ကန့်ဘလူမြို့နယ်၊ သင်တောရွာက ကုန်စုံဆိုင်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့  Kawlin info ထံက သိရပါတယ်။
Read More

ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာမှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။