တနင်္သာရီတိုင်းအတွင်းက စစ်ကောင်စီရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေမှုနဲ့ ပတ်သက်ပြီး ၃လတာ စောင့်ကြည့်ထားတဲ့ အစီရင်ခံစာကို Tanintharyi Coalition Resource Watch (TCRW) က ထုတ်ပြန်ပါတယ်။

အဆိုပါ အစီရင်ခံစာဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ကနေ ဇွန်လအထိ ၃လတာ စောင့်ကြည့်မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာဖြစ်တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာထဲမှာ စစ်ကောင်စီက ရုရှားနိုင်ငံနဲ့ ပူးပေါင်းပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်နေကြောင်း၊ တနင်္သာရီတိုင်းအတွင်းက ခဲသတ္တုတွင်းတွေကိုလည်း လူနေအိမ်တွေ အနီးနားအထိ ချဲ့ထွင်တူးဖော်လာတာကြောင့် သယံဇာတတွေ ရှားပါးလာပြီး ဒေသခံတွေရဲ့ လူနေမှုစီးပွားကို ထိခိုက်လာနေကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ သဘောတူညီမှုရခဲ့ပြီးနောက် ရေဖြူမြို့နယ်က ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းဒေသရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေနဲ့ အင်အားဖြည့်တင်းတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာလည်း ခဲသတ္တုတူးဖော်တဲ့ လုပ်ကွက်တွေ များပြားလာတာကြောင့် ဘေးထွက်ဆိုးကျိုး အနေနဲ့ ဒေသအတွင်းက ရေချိုခရုတွေ ရှားပါးလာနေပြီး မြစ်ချောင်းက ရေတွေ နောက်ကျိကုန်တာတွေအပြင် ရေတွင်းတွေမှာလည်း ရေခမ်းခြောက်လာတာတွေကြောင့် သောက်သုံးရေနဲ့ စိုက်ပျိုးရေးအတွက် ရေရှားပါးမှု ပြဿာနာကို ကြုံနေရတယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းက ရွှေနဲ့ ခဲမဖြူသတ္တုထွက်ရှိတဲ့ ဒေသတွေမှာ သတ္တုလုပ်ကွက်တွေ ပိုများပြားလာတာကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေနဲ့ လူသေဆုံးမှုတွေပါ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီလို သတ္တုတူးဖော်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို အာဏာပိုင်တွေက ထိန်းကွပ်နိုင်မှုမရှိသလို ထုတ်ယူနေတဲ့ သယံဇာတတွေရဲ့ ပမာဏကိုလည်း ပွင့်လင်းမြင်သာစွာ ချပြတာမျိုးတွေ မရှိဘူးလို့ ဆိုပါတယ်။

ကျွန်းစုမြို့နယ်၊ ယမုံကျေးရွာက သတ္တုတူးဖော်တဲ့ တရုတ်နိုင်ငံသားပိုင် ရွှေပင်လယ် ကုမ္ပဏီဟာ ခဲသတ္တုတူးဖော်ဖို့အတွက် ကျေးရွာအစွန်ဘက်က နေအိမ် အလုံး ၂၀ ကို လုပ်ကွက် ဧရိယာအတွင်း ပါနေတယ်ဆိုပြီး တစ်အိမ်ကို ငွေကျပ် ၅သိန်းပေးကာ ပြောင်းရွှေ့ဖယ်ရှားတာတွေရှိခဲ့ကြောင်း၊ တနင်္သာရီမြို့နယ် သဘောလိပ်ကျေးရွာမှာလည်း ခဲသတ္တုတူးဖော်တဲ့ လုပ်ကွက်တွေဟာ လူနေအိမ်တွေ အနီးထိရောက်လာတာကြောင့် ဒေသခံတွေမှာ စိုးရိမ်နေရကြောင်းကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့လယ် မီးရထားရုံးချုပ်ဟောင်းနေရာက ပန်နီဆူလာဟိုတယ်စီမံကိန်း ရပ်ဆိုင်း၊ ရင်းနှီးမြှုပ်နှံထားတဲ့ငွေ အားလုံးကို ဆုံးရှုံးငွေအဖြစ် သတ်မှတ်

ရန်ကုန်မြို့က အမေရိကန်ဒေါ်လာသန်း ၁၃၀ ကုန်ကျမယ့် ပန်နီဆူလာဟိုတယ်စီမံကိန်းကို  ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း  Nikkei Asia သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
Read More

နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွါးရေး ဖွံ့ဖြိုးတော့မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော၊ ငွေကြေးဖောင်းပွမှု ဖြေရှင်းဖို့ MMQR စနစ်ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် စတင်မိတ်ဆက်

(MMQR) ဒစ်ဂျစ်တယ်ငွေပေးချေမှု ချိတ်ဆက်စနစ် က နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွါးရေးအဆောက်အအုံဖွံ့ဖြိုးလာဖို့ လမ်းစဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

Star City စီမံကိန်းအတွက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းမှ ငွေကြေးများ လက်ခံအသုံးပြုခဲ့ခြင်းမရှိဟု ရိုးမအုပ်စုငြင်းဆို

အွန်လိုင်းလိမ်လည်စင်တာတွေက ရာဇဝတ်လုပ်ငန်းဝင်ငွေတွေကို စီမံကိန်းချဲ့ထွင်ရာမှာ ရန်ပုံငွေအဖြစ် အသုံးမပြုခဲ့ကြောင်း မြန်မာပြည်ရဲ့ အချမ်းသာဆုံးသူဌေးကြီးတဦးဖြစ်တဲ့ ဦးသိမ်းဝေ ခေါ် မစ္စတာဆာ့ဂျ်ပန်း တည်ထောင်ထားတဲ့ Yoma Strategic Holdings က ငြင်းဆိုလိုက်ပါတယ်။
Read More

ဗဟိုဘဏ်က အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းတွေကမြှင့်တင်လိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေးကို အထိနာနိုင်ဟုဆို

ဗဟိုဘဏ်က အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းများကို မြှင့်တင်လိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားစွာ ဦးတည်စေတယ်လို့ လုပ်ငန်းရှင်တွေကဆိုပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စစ်လက်နက်ဝယ်ယူဖို့နှင့် နိုင်ငံရေးအရ ထွက်ပေါက် ရှာခြင်းသာဖြစ်သည်ဟု NUG ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံက တင်သွင်းလာတဲ့ စားသောက်ကုန်တချို့ စားသုံးဖို့မသင့်လျော်ကြောင်း အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံကနေ တင်သွင်းလာတဲ့ အသင့်စား စားသောက်ကုန်တချို့ဟာ ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း အမေရိကန် အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေးဝန်ဆောင်မှုဌာန (FSIS) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။