ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ် (Dawei Defense Team – DDT ) က ကျဆုံးခဲ့တဲ့ လက်ဦးဆရာကိုတင်နိုင် (ခေါ်) ရဲဘော် ဂျိမ်းစ်ဘွန်းနဲ့ ရဲဘော် ကိုရှိုင်း တို့အတွက် ဇူလိုင်လ ၇ ရက်မနေ့က သံတေတော်တွေကို (၄)နှစ်ပြည့် နှစ်ပတ်လည် နေ့လယ် ဆွမ်းကပ်လှူဒါန်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ နှစ်ပြည့်ဆွမ်းကပ်လှူဒါန်းမှုနဲ့အတူ DDTတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ တပ်ခွဲမှူး ရဲဘော် မိုးသီး ၊ ရဲဘော် အောင်ဖေ ၊ ရဲဘော် ရှည်ကြီး တို့(၃) ယောက်နဲ့ ခေတ်ဆက်ဆက် တော်လှန်ရေးတိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေကိုလည်း အကျွတ်တမ်းဝင် အမျှအတန်းပေးဝေခဲ့တယ်လို့ DDT က အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

KNU ဗဟိုမှာ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူလို့ သတင်းထွက်ပေါ်နေတဲ့ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အသေဖမ်းမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို တော်လှန်ရေးတပ်တွေ လိုက်လံပစ်ခတ်ရာ အသေဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ
Read More

ဘော်စတွန်မြို့က ပြည်ပရောက်မြန်မာတွေနဲ့ ဒေါက်တာဆာဆာတွေ့ဆုံ၊ဖြတ် ရုပ်ရှင်ကိုပါအထူးပွဲပြသ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ Boston မြို့ မှာ NUG ရဲ့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တွေ့ဆုံပွဲနဲ့ 'ဖြတ်' ရုပ်ရှင်ဇာတ်ကား ပြသပွဲ ကိုနို၀င်ဘာလ ၃၀ရက်မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လှိုင်သာယာမြို့နယ် အမှတ် ၁၁ ရပ်ကွက် အုပ်ကြီး အပစ်ခံရမှုကြောင့် စစ်တပ်က ပိတ်ဆို့စစ်ဆေး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့၊ အမှတ် ၁၁ ရပ်ကွက် မကွေးလမ်းနဲ့ ရွှေဝတ်မှုံလမ်းထောင့်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခံရတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းတွေပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။
Read More

ကစယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး သေဆုံး၊ ၆ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်‌ပျောက်ကျေးရွာအုပ်စု ကျောက်အိုင် (ကွီးလေး)‌ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးလာကြဲတာကြောင့် ဒေသခံ (၂) ယောက် သေဆုံးပြီး (၆) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (မြိတ်-ထားဝယ်ခရိုင်) က မနေ့က ထုတ်ပြန်ပါတယ်။