မန္တလေးတိုင်း၊ တောင်သာမြို့ အမှတ် (၁) စွပ်ကျယ်စက်ရုံမှာ တာဝန်ကျနေတဲ့ ဒုရဲတပ်ကြပ်နဲ့ ရဲတပ်သားတို့ကို အရက်၊ ဘီယာ ထွက်ဝယ်ချိန် အရှင်ဖမ်းမိခဲ့တယ်လို့ Taung Tha People Defense Force (တောင်သာ ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၃ ရက် မနေ့က ညနေပိုင်းမှာ တောင်သာမြို့ အမှတ် (၁) စွပ်ကျယ်စက်ရုံရှိ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲ ၂ ယောက်ဟာ အရက်၊ ဘီယာ ဝယ်ဖို့ မြို့ပြင်ကို ထွက်လာချိန် အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ရဲ ၂ ယောက်ဟာ ရန်ကုန် မှော်ဘီရဲတပ်ရင်း(၅) က ရဲတပ်သားအောင်သီဟနဲ့ ဒုတပ်ကြပ် ဟန်ဝေအောင်တို့ ဖြစ်ပြီး ဆိုင်ကယ်တစ်စီး၊ ဖုန်းနှစ်လုံး၊ လက်ပစ်ဗုံးတစ်လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မင်္ဂလာဒုံ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ ပြည်ပထွက်ခွာမယ့် လူငယ်တွေကို နည်းမျိုးစုံနဲ့ ငွေညှစ်မှု ပိတ်ပင်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို တုံ့ပြန်တာဖြစ်တယ်လို့ Shawdow SAF အဖွဲ့က ပြောပါတယ်။
Read More

မဏိပူရ်၊ အင်ဖာထောင်ထဲက မြန်မာတွေ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးနဲ့ စစ်ကောင်စီထံလွှဲပြောင်းမခံရရေး အာဏာပိုင်တွေထံ ၄ကြိမ်မြောက် အစာငတ်ခံဆန္ဒပြ

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ်မှာ အင်ဖာထောင်ထဲ အကျဥ်းကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေက စတုတ္ထအကြိမ်မြောက်အဖြစ် အစာငတ်ခံဆန္ဒပြမှုကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ်လို့ India for Myanmar လူ့အခွင့်အရေးအဖွဲ့ထံက သိရပါတယ်။
Read More

နမခကို ရော့ကတ်များဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့မှုတွင် အရာရှိ ၃ ဦးနှင့် စစ်သား ၅ ဦး ပွဲချင်းပြီး သေ၊ ၇ ဦး အပြင်းအထန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရော့ကတ်တွေနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေ အပါအဝင် အကြမ်းဖက်စစ်သား (၈) ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်း ရှိခဲ့တယ်လို့ Chindwin Rocket Brothers-CRB အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဘောလခဲမြို့ တိုက်ပွဲက မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်လာ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဘောလခဲ မြို့က တိုက်ပွဲတွေက မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဒုစစ်ဦးချုပ် မာဝီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပြသထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် တပ်ရင်း ၄ ၏ အပတ်စဥ် (၁၁) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ အပတ်စဥ် (၁၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

KNU အုပ်ချုပ်မှုနယ်မြေရှိ စာသင်ကျောင်းကို ကျောင်းချိန်အတွင်း စစ်တပ် ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်းက အခြေခံပညာအလယ်တန်းကျောင်းကို အကြမ်းဖက်စစ်တအ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။