အကြမ်းဖက် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကို ပြန်လည်တိုက်ခိုက်မယ့်၊ စစ်ကောင်စီထံကနေ အလင်းဝင်လာတဲ့ တပ်သားတွေကို ကျားသစ်နက်စစ်ကြောင်းက ဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ် ၃၂ အောင်ဇေယျ အပတ်စဥ် သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲကို KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီး ၊ ဦးကျော်သက်လင်းနဲ့ ဗျူဟာ ၃၂ တာဝန်ရှိသူတွေ လာရောက်ကာ သင်တန်းဆင်းရဲဘော်တွေကို ဂုဏ်ပြုခဲ့ကြပါတယ်။

ဒါ့အပြင် လူထုတိုက်ပွဲကနေ လူထုအောင်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ ကျားနက်စစ်ကြောင်းက  လူထုနဲ့အတူ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကတိပြုသလို စစ်ဆင်ရေးအရှိန်မြှင့်တင်နိုင်ရေးအတွက်လည်း တပ်သားသစ်တွေ စိစစ်ခေါ်ယူနေတယ်လို့ ရေးသားထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ Black Panther Column)

0 Shares:
You May Also Like
Read More

အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၃ အတွက် ပြင်ဆင်နေတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး… (ဓာတ်ပုံသတင်း)

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ရဲဘော်တွေအနေနဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၃) အတွက် ပြင်ဆင်စုဖွဲ့နေကြတဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း အောင်မြင်မှုတွေနဲ့အတူ တပ်ဖွဲ့ဝင်ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
Read More

ခင်ဦးမြို့နယ် ပကဖ ထံ ပျူစောထီး ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ချင်းမိုင်မြို့ စစ်ရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲကို လာရောက်အားပေးဖို့ တော်လှန် အနုပညာရှင်များ ဖိတ်ခေါ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ပြသမယ့် တော်လှန်အနုပညာရှင်တွေ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားတွေကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင်တွေက ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။
Read More

ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ် ဓါးပြတိုက်မှုမှာ စစ်တပ်ကလက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေ ပါ၀င်နေ

မန္တလေး၊ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို ဓားပြတိုက်သူတွေဟာ စစ်ကောင်စီက လက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေဖြစ်နေပြီး ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

မတရားဖမ်းဆီးခံထားရသည့် အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသမှု မရ 

အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) က သတင်းထုတ်ပြန်ထားပါတယ်။